Tuesday, 7 January 2014

ရေတိမ်နစ်သူ

ကံကိုယုံပြီး
ဆူးပုံကို
ကျွန်တော်….
လုံးဝ…..မနင်းခဲ့ပါဘူး။

ဒါပေမယ့်
မိနဲ့ဘရဲ့ 
လက်တစ်ဖျစ်စာ
နွေးထွေးမှု ဆိုတာနဲ့တင်
ဘဝဆိုတာကြီးထဲကို
ကျွန်တော်…
ဒိုင်ဗင် ထိုးချခဲ့ရတယ်။
(ဗွမ်း) လို့
အကြီးအကျယ်
မျှော်လင့်ခဲ့ပေမယ့်
(ပလုံ) ဆိုတဲ့ အသံနဲ့တင်
လောကကြီးရဲ့  ဝဲဂယက်ထဲ
ကျွန်တော်….
နက်နက်နဲနဲ
ရေတိမ်နစ်ခဲ့ရလေတယ်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment