==
မျှော်လင့်ချက်တွေနဲ့
ခုတ်မောင်းနေတဲ့
ဘဝဆိုတာကြီးကို
တစ်ခါတလေတော့
ကျွန်တော်
စိတ်ပျက်လက်ပျက်
ငြီးငွေ့တတ်လာတယ်…။
လူဆိုတဲ့ ခေါင်းစဉ်အောက်က
ဆုပ်ကိုင်ထားခဲ့သမျှ…
ကိုယ်ကျင့်တရားတွေ…
ယုံကြည်ချက်တွေ…
အိပ်မက်တွေ….
စည်းဘောင်တွေ….
အားလုံးကို စိတ်လွတ်ကိုယ်လွတ်
ကျွန်တော်….
လွှတ်ချပစ်လိုက်ချင်မိတယ်…။
ဒါပေမယ့်
( ခွမ်း )
ဆိုတဲ့ အသံတစ်ချက်က
ကိုယ်ပြဋ္ဌာန်းထားတဲ့
တစ်ကိုယ်ရည်ပုရပိုဒ်လေး
အက်ကွဲ….လွင့်စင်…လိပ်ပြာလွင့်နိုင်တာမို့…
နှလုံးသားကို ခါးတောင်းကျိုက်ရင်း
နက်ဖြန်ကို ဖြတ်သန်းဖို့…
ဒီနေ့ကို
ကျွန်တော်….(ရဲရဲဝံ့ဝံ့) ရင်ဆို်င်မိပြန်တယ်...။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment