မာယာည….
အဲဒီ ညကို ခုတ်လှဲဖို့ အတွက်...။
မြင့်မားတဲ့ဂုဏ်ဒြပ်တွေ မလိုပါဘူး
ရိုးရှင်းတဲ့ စိတ်နှလုံးသားလေးတစ်ခုနဲ့ 
နေတတ်ထိုင်တတ်ဖို့ ပဲလိုတယ်......!!!
တိုင်းတာလို့ ရတဲ့ငွေတွေမလိုပါဘူး
မျှဝေကူညီတတ်တဲ့ စိတ်ကလေးနဲ့ 
နှလုံးသားတစ်ခုကို မနာကျင်စေတတ်ဖို့ ပဲ လိုတယ်...!!!
အောင်မြင်ကျော်ကြားမှုတွေ မလိုပါဘူး
နောင်တကင်းတဲ့ ပျော်ရွှင်မှုလေးနဲ့ 
လက်တွေ့ ကျတဲ့ ပစ္စုပ္ပန်တခုပဲ လိုတယ်....!!!
ဆုတံဆိပ်တွေ ပိုင်ဆိုင်ဖို့ မလိုပါဘူး
ဘောင်ခတ်မထားတဲ့ အတွေးအခေါ်တစ်ချို့ နဲ့ 
လိပ်ပြာသန့် တဲ့ အိပ်မက်တစ်ခုပဲ လိုတယ်...!!!
ဟောဗျာ
ယုံချင်ယုံ မယုံချင်နေ
တင်းတိမ်ရောင့်ရဲတတ်ခြင်းနဲ့ 
အသားမကျနိုင်သရွေ့ တော့
မျှော်လင့်ချက်နဲ့ မာယာယဉ်ကျေးမှုတွေနောက်
တစ်ကောက်ကောက် လိုက်နေရဦးမှာပဲ........!!!
အိမ်ဝေးသူ (KZ)

No comments:
Post a Comment