Tuesday, 14 January 2014

" ခွင့်လွှတ်ခြင်းနှင့် အမှားဝန်ခံခြင်း "


လောကမှာ…
သိပ်ခက်လွန်းပေမယ့်
လုပ်ကောင်းတဲ့ အလုပ်နဲ့
လုပ်သင့်တဲ့ အလုပ်ဆိုပြီး အလုပ် နှစ်ခု ရှိပါတယ်…။

ပထမ လုပ်ကောင်းတဲ့
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံရဲတဲ့ သတ္တိနဲ့
ဒုတိယ လုပ်သင့်တဲ့
သူတစ်ပါးက မှားယွင်းကြောင်း ၀န်ခံလာတဲ့အခါ
အဲဒီ အမှားကို ခွင့်လွှတ်ပေးရဲတဲ့ သတ္တိ…။
အဲဒီ ခွင့်လွှတ်ခြင်းနဲ့ ၀န်ခံခြင်း နှစ်မျိုးစလုံးရှိတဲ့
လူတစ်ယောက်ရဲ့  နှလုံးအိမ်ဟာ
အေးမြပြီး… အသီးလှိုင်လှိုင်သီးတဲ့ ဥယျာဉ်တစ်ခုနဲ့ တူပြီ…။
ကိုယ်တိုင်လည်း
ခွင့်လွှတ်ခြင်းကို မမွေးမြူတတ်
သူတစ်ပါးရဲ့  အမှားပြင်ဆင်ခွင့်ကိုလည်း
အလေးမထားတတ်တဲ့သူရဲ့  နှလုံးအိမ်ကတော့
ပူလောင်ပြီးတော့… အဆိပ်ရှိတဲ့ အသီးတွေချည်းပဲ
ပိုင်ဆိုင်ခွင့်ရတဲ့…ဥယျာဉ်တစ်ခုနဲ့ အလားတူပါတယ်…။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment