Tuesday, 21 January 2014

သူတို့ ပြောခဲ့တဲ့ နိမိတ်ပြ စကားများ


(မြေကြီးလက်ခတ်မလွဲ မှန်သော အကြိုက်ဆုံးစကား ၁)
“တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ
လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့လည်းပဲ မြင်ရတဲ့ အခါ
မျက်နှာချိုသွေးရ ဒီလူ့မြင်လည်း မြင်ရတဲ့အခါ မျက်နှာချိုသွေးရ
ဖာသည်လို နိုင်ငံမျိုးဖြစ်နေမှာပဲဆိုတာ
ခင်ဗျားတို့ အတိအလင်း နားလည်ပြီးသား ဖြစ်ပါတယ်”
(သွေးထွက်အောင် မှန်သော အကြိုက်ဆုံး စကား ၂)
“မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်ရမယ်”

ပထမ စကားစုက...
ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားစုလေးပါ။
လက်ရှိ ခေတ်ကာလနဲ့ တိုက်ရိုက်အချိုးကျစွာ သက်ရောက်ပြီးတော့ ဗိုလ်ချုပ်ဘယ်လိုသဘောမျိုးနဲ့ ပြောခဲ့သလဲဆိုတာကို အများစုက
သေသေချာချာ သိကြပါတယ်။
(တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး) ဆိုတဲ့
စကားတစ်ခုတည်းကို ကြည့်ပြီး ကုလားမပါတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ သီးသန့်ပါလို့ ငြင်းချင်သူများအနေနဲ့ ဒီစကားစုရဲ့  အရင်ပြောခဲ့တဲ့
(၁) တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊
(၂) တိုင်းသူပြည်သား လူထုညီညွတ်ရေး
ဆိုတဲ့ အချက်နှစ်ချက်ကို ကြည့်ရင် တစ်တိုင်းပြည်လုံး အနေအထားနဲ့ ညီညွတ်စေချင်တဲ့ သဘောမျိုးဆိုတာ ထင်ရှားပါတယ်။
(ကိုးကွယ်တဲ့ ဘာသာတရားကို အဓိက ထားပြီး မပြောခဲ့ပါ)
ဒုတိယ စကားစုကတော့...
သခင်ဗဟိန်း ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။
သခင်ဗဟိန်းပြောခဲ့တဲ့ စကားက တစ်ချိန်က ကျောင်းသားတွေကို တိုက်ရိုက် ခွန်အားပေးခဲ့ပါတယ်။ အခုအခြေအနေမှာတော့ သခင်ဗဟိန်းရဲ့  စကားဟာ ကျွန်တော်တို့အတွက် တစ်ဝက်မှန်ပါတယ်။
(မီးဟုန်းဟုန်းတောက်စေရမယ်) ဆိုတဲ့ စကားကတော့ ကျွန်တော်တို့အတွက် သွေးထွက်အောင်
မှန်ခဲ့တယ်။ ပြီးတော့ သွေးလည်း တကယ်ထွက်ခဲ့ပါတယ်။
သူ့ခေတ်အခါတုန်းက မြင်းခွာပေါက်မှ မီးဟုန်းဟုန်းတောက်စေခဲ့ပေမယ့်
အခုမှာတော့ မြင်းခွာတစ်ချက် မပေါက်ခဲ့ရဘဲ မြန်မာပြည်မှာ နေရာကွက်ကျား မီးတွေတောက်ခဲ့ရပါပေါ့။
အမှန်နဲ့ နိမိတ်ပုံကို တွဲပြီးပြခဲ့တဲ့ တစ်ချိန်က
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်ဗဟိန်းတို့ကို
လေးစားစွာဖြင့်...
အိမ်ဝေးသူ (KZ)

No comments:

Post a Comment