Tuesday, 16 December 2014
မင်း...သဘောပါ သခင်မ
အချစ်ဆိုတာ
ပြိုင်ပွဲဝင်တီးလုံးတွေ ဟီးထနေတဲ့
ကစားပွဲတစ်ခုမဟုတ်ဘူး။
အချစ်ကို
တိုက်ယူရအောင်လည်း
ငါက...အချစ်သူရဲကောင်းကြီး မဟုတ်ဘူး။
ငါ့မျက်ဝန်းတွေကို
သေချာကြည့်စမ်းပါ သခင်မ။
မင်း...ရဲမယ်ဆိုရင်
ပြိုင်ဘက်မရှိ ငါ့ကို ရွေးချယ်ကြည့်ပေါ့။
စစ်သူကြီးမဟုတ်လို့
မင်းကို ချကျွေးဖို့ နယ်ရုပ်တွေတော့ ငါ့မှာ မရှိဘူး။
မင်းပျော်နိုင်မယ်ဆိုရင်တော့
ငါ့နှလုံးသားကို
မင်းရဲ့ နံနက်စာအဖြစ် စားသုံးနိုင်ပါတယ်။
အပိုတွေ
ငါ...သိပ်မပြောဘူး သခင်မ။
မင်းရှေ့မှာ
တစ်ဘဝတာ ဒူးထောက်ခစားမယ့်သူဟာ
ငါတစ်ယောက်တည်း ဖြစ်ကြောင်း
မင်းသာ...မြင်နိုင်စွမ်းရှိခဲ့မယ်ဆိုရင်။
------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment