Sunday, 21 December 2014

တကယ့်ဟာသ


Funny pranks တွေကို ကြည့်ပြီး
ကျွန်တော်တို့ ခွက်ထိုးခွက်လန် ရယ်မောကြတယ်။
တကယ့်ဘဝထဲက
နာကျင်ကြေကွဲ၊ ဝမ်းနည်းစရာတွေကို
ဟာသလုပ်ပြီး ရယ်မောပစ်လိုက်ဖို့တော့
ကျွန်တော်တို့တတွေ....မေ့လျော့နေတတ်ကြပါတယ်။

ကဲ...
နာကျင်ကြေကွဲမှုတွေကို
ဂုဏ်ပြု သြဘာပေးတဲ့အနေနဲ့
ကျွန်တော်တို့ ဟားတိုက်ရယ်မောလိုက်ကြပါစို့။
ဟား........ဟား.......ဟား.....ဟား။
ဟား........ဟား.......ဟား.....ဟား။
ဟား........ဟား.......ဟား.....ဟား။
မှတ်ချက်။
တကယ်ရယ်ရပါတယ်ခင်ဗျာ။
-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment