မင်းမလိုချင်လို့
ချစ်ခြင်းမေတ္တာကို
ဖယ်ရှားပစ်လိုက်ရင်တောင်။
ငါတို့တတွေက
နှလုံးသားမှာ နေရာကိုယ်စီပေးထားတဲ့
တရင်းတနှီး မိတ်ဆွေတွေပဲ မဟုတ်လားကွယ်။
ငါ့မိတ်ဆွေလေးရေ
မင်းပျော်ရွှင်မယ်ဆိုရင်
အကျည်းတန်ရဲ့ အထီးကျန်ခြင်း ကဗျာကို
မင်းရဲ့ ဥပေက္ခာဓါးသွားမှာ မတ်မတ်ရပ်ရင်း ငါ...သီကုံးခဲ့ပါရစေ။
-----------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment