Thursday, 18 December 2014

ညဆုပန်ခြင်း


အမုန်းများစွာဖြင့်
ငါ၏ ညချမ်းအား
လေးလံစွာ မဖြတ်သန်းလိုပါ။

ချစ်ခြင်းများစွာဖြင့်သာ
ငါ၏ နံနက်ခင်းကို
လန်းဆန်းစွာ ကြိုဆိုချင်ပါသည်။

အို…
အသင်လောက
ကျေးဇူးပြု၍ ငါ့အားကူညီပါလေ။

-------------------
အိမ်ဝေးသူ(KZ)


No comments:

Post a Comment