Sunday, 7 December 2014
သူ့အရပ်သူ့ဇာတ်
(ဟောပြောပွဲမစခင်)
ခါးလိုက်တဲ့ ကော်ဖီ။
သကြားနည်းနည်းထည့်။
နို့မှုန့်လေးလည်း ထပ်ဖြည့်ပေး။
ဒီဟောပြောပွဲ စီစဉ်တဲ့သူ ညံ့လွန်းတယ်ဗျာ။
(ဟောပြောပွဲစပြီ)
ဟောဒီ့ ကမ္ဘာမြေကို
ပိုပြီးနေချင်စဖွယ်ဖြစ်အောင်
ခင်ဗျားတို့ ကျွန်တော်တို့ မကြိုးစားသင့်ဘူးလားဗျ။
လူသားချင်း စာနာထောက်ထားဖို့
ကျွန်တော်တို့ ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်ရပါမယ်ခင်ဗျာ။
(ဖြောင်း....ဖြောင်း....ဖြောင်း...ရွှီး....ရွှီး....ရွှီး)
ဟောပြောသူ၏ ခမ်းနားထည်ဝါလှသော
စကားလုံးများကို နားထောင်ပြီး များပြားလှသော ပရိတ်သတ်များက
တခဲနက် အားပေးလိုက်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းလှသည်။
မည်သို့ပင် ဖြစ်စေ...
ဟောပြောပွဲတစ်ခုတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။
သို့သော်...............................................................။
--------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment