Tuesday, 16 December 2014

မေမေ...မုဒိန်းမကျင့်တတ်ပါ


အဖေအရင်းက
သမီးအရင်းကို မုဒိန်းကျင့်တာ အများကြီးရှိတယ်။
အမေအရင်းက
သားအရင်းကို မုဒိန်းကျင့်တာ မရှိဘူး။
(ရှိရင်လည်း စိတ်ခံစားမှုဆိုင်ရာ ချို့ယွင်းနေသူပဲ ဖြစ်လိမ့်မယ်၊
အရေအတွက်လည်း နည်းပါးလွန်းလိမ့်မယ်)
ဖခင်မေတ္တာ ဘယ်လောက်ကြီးကြီး
ထာဝရမြဲတဲ့ မိခင်မေတ္တာကို ယှဉ်လို့မရနိုင်ပါဘူး။
မိခင်တစ်ယောက်က
သူ့သားဖြစ်သူကို မွေးပြီးပြီးချင်း စွန့်ပစ်ချင် စွန့်ပစ်မယ်။
ဒါပေမယ့်...။
သူ့ဝမ်းနဲ့ လွယ်ပြီးမွေးထားတဲ့ သားကိုတော့
ဘယ်လိုအခြေအနေမျိုးမှာမှ ပစ်မှားရိုး ထုံးစံမရှိဘူး။
ဖတ်ရတာ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။
မိန်းမများကို အထူးတလည် ဂုဏ်ပေး၍
အသားပေးပြီး ရေးသားနေခြင်းလည်း မဟုတ်ရပါကြောင်း။
(မြင်သာထင်သာလွန်းသော ကိစ္စများသာဖြစ်သည်)
မိခင်တို့၏ မိခင်စိတ်နှင့်အတူ
မယိမ်းမယိုင် ပြတ်သားစွာ ရပ်တည်နိုင်စွမ်းကို
အစဉ်မပြတ်လေးစား ဦးညွတ်နေမည့်။
-------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။
ကိုယ်ကျင့်သီလ တည်မြဲသည့် ဖခင်များကိုလည်း အစဉ်လေးစားရိုကျိုးလျက်ရှိသည်။

No comments:

Post a Comment