သူမဆီက
ဝင်လာမယ့် messages လေးတွေ
မျှော်ရတာ...ရင်ခုန်စရာကောင်းတယ်။
သူမ မသိဘဲ
သူမအပြုံးတွေကို
ခိုးခိုးကြည့်ရတာ...ရင်ခုန်စရာကောင်းတယ်။
သူမ အတွေးထဲမှာ
ကိုယ်များ ပါလေမလားလို့
စိတ်ကူးရတာ...ရင်ခုန်စရာကောင်းတယ်။
သူမ ဆုတောင်းထဲမှာ
ကိုယ့်အမည်ကို ထည့်သွင်းလေမလားလို့
စဉ်းစားရတာ...ရင်ခုန်စရာကောင်းတယ်။
အမှောင်ခွင်းပစ်နိုင်တဲ့
သူမ အကြည့်တွေကို
တောင့်တရတာ...ရင်ခုန်စရာကောင်းတယ်။
ဒီ စာစုကိုဖတ်ပြီး ဖြစ်ထွန်းမယ့်
သူမရဲ့ ကရုဏာမေးခွန်းလေးတွေကို
စောင့်စားရတာတော့...ရင်ခုန်စရာ အကောင်းဆုံးပဲ။
-------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment