Thursday, 27 February 2014

ကျန်းမာရေးလိုက်စားသူ


ဘကြီးဖြိုးတစ်ယောက် ဆေးခန်းသို့ ရောက်နေသည်။
ဆရာဝန်ကလည်း သက်ကြီးရွယ်အိုဆိုတော့ လိုအပ်သည်များကို
သေသေချာချာ မေးမြန်းရှာသည်။
ဆရာဝန်။ ဘကြီးအသက် ဘယ်လောက်ရှိပြီလဲ။
ဘကြီးဖြိုး။ ၆၃ နှစ်ပါ ဒေါက်တာ။
ဆရာဝန်။ ဟာ…အဘအသက်အရွယ်က ကျန်းမာရေးကို
ဂရုစိုက်ရမယ့်အရွယ်ဗျ။
ဘကြီးဖြိုး။ အဘ ဂရုစိုက်ပါတယ် လူလေးရယ်။
ဆရာဝန်။ ကျန်းမာရေး အတွက် အားကစား လေ့ကျင့်ခန်းတွေ
လုပ်ရမယ်။
ဘကြီးဖြိုး။ အာ…ဒေါက်တာ ရယ် အဲဒါအတွက်တော့ မပူပါနဲ့။
အဘ…နေ့စဉ် ဘောလုံးကန်တယ်။ စားပွဲတင်တင်းနစ်(စ်) ရိုက်တယ်။
ဆရာဝန်။ ဗျာ…တယ်ဟုတ်ပါလား အဘရဲ့ ။ ဘယ်လောက်ကြာကြာ
ကစားတာလဲ။
ဘကြီးဖြိုး။ အဘက အသက်လည်းကြီးပြီ။ မျက်လုံးကလည်း
သိပ်မကောင်းတော့ဘူးဆိုတော့ သိပ်မကစားနိုင်ပါဘူးဒေါက်တာရယ်။
အဘရဲ့ ဖုန်း ဘက်ထရီကုန်တာနဲ့
နားလိုက်တာပါပဲ။ ပြီးတော့ မြေးတွေကလည်း
သူတို့ ဖုံးကို ပေးမကိုင်ဘူးလေကွယ်။
ဆရာဝန်။ ခင်ညာ။
မှတ်ချက်။ ငိုက်သောသူ ရယ်ပါက အငိုက်ပြေသည်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment