အချို့ က ဆိုကြသည်။
ကတိပေးခဲ့ခြင်းဆိုသည်မှာ
တစ်ချိန်တုန်းက အခြေအနေကြောင့် ဖြစ်သည်။
ကတိဖျက်ရခြင်းမှာမူ
ယခု ရင်ဆိုင်ရသော အနေအထားကြောင့် ဖြစ်သည်…တဲ့။
သို့ဆိုလျှင်
ကတိတည်သူနှင့် ကတိဖျက်သူတို့၏
သိသာထင်ရှားသည့် ခြားနားခြင်းက အဘယ်အရာနည်း?
ထိုအရာကို…
ဂုဏ်သိက္ခာ ဟုခေါ်သည်။
ကတိတည်သူသည်
အခက်အခဲကို ကျော်လွှား၍ ဂုဏ်သိက္ခာကို ရွေးချယ်သည်။
ကတိဖျက်သူမှာမူ
ဂုဏ်သိက္ခာကို ကျော်ခွ၍ ကိုယ်လွတ်ရုန်းခြင်းကို ရွေးချယ်သည်။
အိမ်ဝေးသူ (KZ)

No comments:
Post a Comment