Saturday, 1 March 2014

စောသေးတယ်လို့ မထင်လိုက်ပါနဲ့


သင်…
နှုတ်ဆက်ချင်သူတွေကို
နှုတ်ဆက်ခွင့်ရနေချိန်မှာ
နှုတ်ဆက်ဖြစ်အောင် နှုတ်ဆက်လိုက်ပါ။

နှုတ်မဆက်ခဲ့ရလေခြင်းလို့
သင်…
နာကျင်ကြေကွဲမိမယ့် အချိန်ဟာ
ပြန်လှည့်ခွင့်မရှိတဲ့ ခရီးတစ်ခုကို
အစပျိုးနေချိန် ဖြစ်လိမ့်မယ်။
ကျေးဇူးပြုပြီး…
နှုတ်ဆက်ခွင့် ရှိနေချိန်မှာ အပြုံးတစ်ချက်နဲ့ နှုတ်ဆက်လိုက်ပါ။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment