သူ့ကို
တစ်ခါ သုံးသူက
နှစ်ခါ သုံးဖို့
အသင့် ဖြစ်နေတတ်တယ်။
သူ့ကို
နှစ်ခါ သုံးသူက
သုံးခါ မဖြစ်မနေ ထပ်သုံးရတယ်။
သူ့ကို
သုံးခါ သုံးဖူးရင်တော့
သူမပါတဲ့ စကားကို
ပြောနိုင်စွမ်းမဲ့ရလောက်အောင်
သူက...ထိုသူ့ဘဝအရဲ့ 
အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။
သူက
ကမ္ဘာအနှံအပြားကို
အခမဲ့ သွားလာနိုင်တယ်။
သူက
ယုံကြည်ခြင်း၊ ခင်မင်ခြင်း တို့ရဲ့ 
မဟာရန်သူတော်ကြီး ဖြစ်တယ်။
သူ့ကြောင့်
ပျော်ရွင်သူထက်
ကြေကွဲရသူ ပိုများတယ်။
သူက
အနီးဆုံးမှ အဝေးဆုံး
အချစ်ဆုံးမှ အမုန်းဆုံးအဖြစ်
ပိပိရိရိ ဖန်တီးနိုင်စွမ်းတယ်။
သူ့ကို
လူတွေက မချစ်ပေမယ့်
သူက လူတွေနဲ့ အမြဲနေခွင့်ရတယ်။
ကမ္ဘာကျော် အားလုံးထက်
ပိုပြီး ကမ္ဘာကျော်တဲ့..သူ့ကို
(မုသား) လို့ခေါ်သတဲ့။
-------------------
အိမ်ဝေးသူ (KZ)
-------------------
မှတ်ချက်။
ပြသနာတစ်စုံတရာကို ဖြေရှင်းရာမှာ
မုသားကိုသုံးပြီး ကိစ္စရှင်းလိုက်ခြင်းက
ယာယီထွက်ပေါက်ကို ဖန်တီးပေးနိုင်စွမ်းတယ်။
သို့သော်...
မှန်ကန်ဖြောင့်မတ်စွာ ဖြေရှင်းလိုက်ခြင်းကတော့
တစ်သက်တာအတွက် နောက်ကျော လုံစေတယ်။
နှစ်ခါ သုံးသူက
သုံးခါ မဖြစ်မနေ ထပ်သုံးရတယ်။
သူ့ကို
သုံးခါ သုံးဖူးရင်တော့
သူမပါတဲ့ စကားကို
ပြောနိုင်စွမ်းမဲ့ရလောက်အောင်
သူက...ထိုသူ့ဘဝအရဲ့ 
အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။
သူက
ကမ္ဘာအနှံအပြားကို
အခမဲ့ သွားလာနိုင်တယ်။
သူက
ယုံကြည်ခြင်း၊ ခင်မင်ခြင်း တို့ရဲ့ 
မဟာရန်သူတော်ကြီး ဖြစ်တယ်။
သူ့ကြောင့်
ပျော်ရွင်သူထက်
ကြေကွဲရသူ ပိုများတယ်။
သူက
အနီးဆုံးမှ အဝေးဆုံး
အချစ်ဆုံးမှ အမုန်းဆုံးအဖြစ်
ပိပိရိရိ ဖန်တီးနိုင်စွမ်းတယ်။
သူ့ကို
လူတွေက မချစ်ပေမယ့်
သူက လူတွေနဲ့ အမြဲနေခွင့်ရတယ်။
ကမ္ဘာကျော် အားလုံးထက်
ပိုပြီး ကမ္ဘာကျော်တဲ့..သူ့ကို
(မုသား) လို့ခေါ်သတဲ့။
-------------------
အိမ်ဝေးသူ (KZ)
-------------------
မှတ်ချက်။
ပြသနာတစ်စုံတရာကို ဖြေရှင်းရာမှာ
မုသားကိုသုံးပြီး ကိစ္စရှင်းလိုက်ခြင်းက
ယာယီထွက်ပေါက်ကို ဖန်တီးပေးနိုင်စွမ်းတယ်။
သို့သော်...
မှန်ကန်ဖြောင့်မတ်စွာ ဖြေရှင်းလိုက်ခြင်းကတော့
တစ်သက်တာအတွက် နောက်ကျော လုံစေတယ်။
No comments:
Post a Comment