Sunday, 22 February 2015
လူဆိုးကြီးများ
ခင်ဗျားပတ်ဝန်းကျင်မှာ
လူအများစု လက်ခံထားကြတဲ့
ဆိုးသွမ်းသူမျိုးကို မြင်ဖူးပါသလား?
x
အဲ့ဒီလို
ဆိုးသွမ်းနေသူတစ်ယောက်ကို
ဖြောင့်မတ်တဲ့ လမ်းကြောင်းမှန်ပေါ်
တကယ်ရောက်စေချင်ရင်တယ်ဆိုရင်
x
ခင်ဗျားအနေနဲ့
သူ့ရဲ့ဆိုးကွက်တွေကိုချည်းပဲ
ဝေဖန်ထောက်ပြနေမယ့်အစား
သူ့ရဲ့ ကောင်းကွက်တွေကို
အသားပေးပြီး ပြောပြသင့်တယ်။
(ဝေဖန်တာကို ဦးစွာမလုပ်သင့်၊
လူတိုင်း လက်ခံနိုင်စွမ်းမရှိနိုင်)
x
မောင်ဖြူ အတွက် ဆိုးနေတဲ့လူတစ်ယောက်ဟာ
မောင်နီအတွက်လည်း ဆိုးသွမ်းလိမ့်မယ်ဆိုပြီး
တရားသေ မှတ်ယူထားလို့ မရနိုင်ပါဘူး။
x
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ
မဆိုးချင်ဘဲ ဆိုးနေကြတဲ့ လူဆိုးလေးတွေ
မဆိုးသင့်ဘဲ ဆိုးနေကြတဲ့ ဆိုးပေကြီးတွေ
အများကြီး ရှိနေတတ်တယ်ဆိုတာကို
ခင်ဗျား........သတိထားမိပါသလား?
x
အဲ့ဒီ့လို မဆိုးသွမ်းသင့်ဘဲ
ဆိုးသွမ်းနေကြသူတွေထဲမှာ
ပင်ကိုဗီဇကြောင့် ဆိုးသွမ်းသူတွေပါသလို
ပတ်ဝန်းကျင်က တွန်းအားပေးကြလွန်းလို့
မဆိုးသင့်ဘဲ ဆိုးနေကြတာတွေလည်း အများကြီးပါ။
x
ကျွန်တော် စဉ်းစားမိတယ်။
ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းထဲမှာ
ပညာတတ်လူယဉ်ကျေးတွေရဲ့
တစ်ဘက်စောင်းနင်း တွန်းပို့မှုတွေကြောင့်
မဆိုးသင့်ဘဲ ဆိုးပေတေနေကြတဲ့
လူဆိုးလေး၊ လူဆိုးလတ်၊ လူဆိုးကြီးတွေ
ဘယ်လောက်များများ ရှိနေကြပြီလဲလို့ဗျာ။
x
မှတ်ချက်။
ခင်ဗျား ပတ်ဝန်းကျင်မှာ
ဆိုးသွမ်းနေတဲ့သူ တစ်စုံတစ်ယောက်ကို တွေ့ခဲ့၊ ကြုံခဲ့မယ်ဆိုရင်
ပထမဆုံး သူ့ရဲ့ အားသာချက်လေးတွေကို ရှာကြံပြောဆိုကြည့်ပါ။
(မင်း...တကယ်ဆိုးတဲ့ ကောင်ပဲ) ဆိုပြီး
သူရဲ့ ကောင်းလာချင်တဲ့စိတ်၊ ကောင်းမွန်ချင်တဲ့ စိတ်ကို
ဆယ်ပေါင်တူနဲ့ထုပြီး ရိုက်ခွဲခြေမွ ဖျက်စီးပစ်လိုက်တာမျိုးတော့
ဘယ်တော့....ဘယ်တော့.....ဘယ်တော့မှ မလုပ်မိပါစေနဲ့။
-------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment