Monday, 16 February 2015

တကယ့်ယောက်ျားဆိုတာ


ယောက်ျားတိုင်း
မိန်းမ ကြိုက်ကြတယ်။
ယောက်ျားစစ်ရင်
မိန်းမ ကြိုက်ကြတာချည်းပါပဲ။
x
ဒါဆိုရင်
မိန်းမကြိုက်တတ်တဲ့
ယောက်ျားတွေထဲက
အိမ်ထောင်သည် ယောက်ျားအကြောင်း
အနည်းအကျဉ်း ပြောလိုပါတယ်။
x
အိမ်ထောင်သည် ယောက်ျား
x
အိမ်ထောင်သည် ယောက်ျားတစ်ယောက်အနေနဲ့
အိမ်ထောင်သက် ကြာမြင့်လာတာနဲ့အမျှ
ကြင်သူသက်ထားအပေါ် ငြီးငွေ့လာတတ်တဲ့
သဘောသဘာဝ ရှိကြပါတယ်။
x
အထူးသဖြင့်
ဇနီးဖြစ်သူကိုယ်တိုင်က
x
၁) မိမိကိုယ်ကို ဖြစ်သလိုနေတတ်ခြင်း၊
၂) လင်ယောက်ျားကို အလေးမထားခြင်း၊
၃) သားသမီးအရေးကို ဦးစားပေးလွန်းခြင်း၊
x
စတဲ့ အချက်တွေကြောင့်
ယောက်ျားဖြစ်သူရဲ့  လျစ်လျူ ရှု ခြင်းကို ခံရတတ်ပါတယ်။
အဲ့ဒါဟာ
အိမ်ထောင်သက် ကြာလာတဲ့
အမျိုးသမီးတိုင်း ကြုံရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။
x
အပြင်လောကမှာ
စီးပွားရှာနေကြတဲ့ ယောက်ျားတိုင်းမှာ
မိန်းမတွေနဲ့ ထိတွေ့ရင်းနှီးနိုင်တဲ့
အခွင့်အရေးတွေက ပိုပြီးများပြားလှပါတယ်။
x
သိပ်လှတဲ့ မိန်းကလေးမျိုးတွေ့ရင်
အဲ့ဒီ့ မိန်းကလေးတွေရဲ့ အလှအပကို
ယောက်ျားလေး တော်တော်များများက ကြည့်မိ ကြမှာပါပဲ။
(ပေါ်တင်ကြည့်၊ ခိုးပြီးကြည့်)
x
ဒါပေမယ့်
ဒီနေရာမှာ
အိမ်ထောင်သည် ယောက်ျား
အမျိုးအစား (၂) မျိုး ဖြစ်သွားတယ်။
ပထမ အမျိုးအစားက
သူတော်ကောင်း အမျိုးအစား ဖြစ်ပြီး
ဒုတိယ အမျိုးအစားကတော့
သူယုတ်မာ အမျိုးအစား ဖြစ်ပါတယ်။
x
ပထမ အမျိုးအစား
===========

(က)
တစိမ်းတရံစာ မိန်းကလေးတွေရဲ့ မျက်လုံးအကြည့်ကို ရှောင်တယ်။
(ခ)
အကယ်၍ ကြည့်မိရင်လည်း အမြန်ဆုံးအကြည့်ကို ပြန်ထိန်းသိမ်းလိုက်တယ်။
(ဂ)
မိန်းမလှတစ်ယောက်ရဲ့ အလှအပမှာ ယစ်မူးမိရင် အတတ်နိုင်ဆုံး
စိတ်ကို ထိန်းချုပ်ပြီး မိမိ ဇနီးသည်ဆီကို မှဲ့တစ်ပေါက် အစွန်းမခံဘဲ ပြန်တယ်။
မိမိဇနီးသည်ကိုသာလျှင် မိမိ ပိုင်ဆိုင်တယ်ဆိုတဲ့ စောင့်ထိန်းခြင်းနဲ့အတူ
ဇနီးသည်နဲ့သာလျှင် ကာမဂုဏ်ကို ပျော်ပါးတယ်။
(အဲ့ဒီ့ ယောက်ျားမျိုးဟာ ယောက်ျားကောင်း အမျိုးအစား ဖြစ်ပါတယ်)
x
ဒုတိယ အမျိုးအစား
============

(က)
မိန်းကလေးတွေကို ကြည့်တဲ့အကြည့်က ရဲတင်းလွန်းတယ်။
(ခ)
သွေးတိုးစမ်းတတ်တယ်။
အကြည့်ချင်းဆုံရင် ငါ့ကို အထာပေးနေတာလားဆိုတဲ့ စိတ်နဲ့
ရအောင် ချဉ်းကပ်တတ်တယ်။
(ဂ)
အဲ့ဒီ့အချိန်ကျရင် အိမ်မှာကျန်ခဲ့တဲ့ ချစ်ဇနီးကို မေ့ချင်ယောင်ဆောင်တတ်တယ်။
မိမိဟာ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ပါလားဆိုတဲ့
အသိကို လျစ်လျူ ရှု လိုက်တယ်။
(ဃ)
အိမ်မှာ ကျန်ခဲ့တဲ့ သားသမီး၊ ဇနီးသည်ရဲ့ မျက်နှာကို မထောက်တော့ဘဲ
သွေးသားဆန္ဒကို အလိုလိုက်ပြီး တစ်ခဏတာ သာယာမှုနောက်ကို ကြည့်ပြီး
မိမိ ပိုင်ဆိုင်ထားခြင်း မရှိတဲ့ တစိမ်းအမျိုးသမီးနဲ့ ကျူးလွန်ပျော်ပါးတယ်။
(အဲ့ဒီ့ ယောက်ျားမျိုးဟာ ယုတ်မာတဲ့ ယောက်ျားအမျိုးအစား ဖြစ်ပါတယ်)
x
အဲ့ဒီ့တော့
ဆိုလိုချင်တာက ယောက်ျားတိုင်းက မိန်းမကြိုက်ပါတယ်။
အိမ်ထောင်သည် ယောက်ျားတိုင်းလည်း မိန်းမ ကြိုက်ကြပါတယ်။
မိမိ ယူထားတဲ့ ဇနီးသည်အပေါ်မှာလည်း ငြီးငွေ့တတ်ကြပါတယ်။
အဲ့ဒါတွေဟာ ဖြစ်တတ်တဲ့ သဘောသဘာဝတွေပါလို့ ပြောလို့ရပါတယ်။
ဒါပေမယ့်
တကယ့် ယောက်ျားဆိုတာကတော့
မိမိ ဇနီးသည်မှလွဲပြီး အခြားမိန်းမသားတွေကို
လုံးဝ မပြစ်မှား မကျူးလွန်တတ်တဲ့ ယောက်ျားတွေကို ခေါ်ပါတယ်။
x
အိမ်ထောင်သည် အမျိုးသမီးများအနေနဲ့
မိမိရဲ့ အလှအပကိုလည်း ထိန်းသိမ်းကြဖို့လိုသလို
သူတော်ကောင်း ယောက်ျားမျိုးကို ရရှိထားတယ်ဆိုရင်
အဲ့ဒီ့ ယောက်ျားကို ဂုဏ်ပေးလေးစားပြီး
အတတ်နိုင်ဆုံး တန်ဖိုးထားတတ်ဖို့ လိုကြပါလိမ့်မယ်။
x
အိမ်ထောင်သည် ယောက်ျားများအနေနဲ့လည်း
ခင်ဗျားတို့ရဲ့ ချစ်လှစွာသော ဇနီးတွေက
မှဲ့တစ်ပေါက်မစွန်းဘဲ အိမ်ပြန်လာတာကို
စောင့်မျှော်နေကြတယ်ဆိုတာကို မမေ့ကြပါနဲ့။

-----------------
အိမ်ဝေးသူ(KZ)


No comments:

Post a Comment