Friday, 26 September 2014

ချစ်ခွင့်/ ငြင်းခွင့်


ကောင်လေး...က
ကောင်မလေး... ကို ချစ်တယ်။
ကောင်လေး...က
ကောင်မလေး...ကို ချစ်မိတဲ့ အတွက်
ကောင်လေး...မှာ အပြစ်မရှိပါဘူး။
ကောင်လေး...ကို
ကောင်မလေး.....က စိတ်ဆိုးဒေါသထွက်ခွင့် မရှိပါဘူး။
(မတူမတန် ဆက်ဆံပိုင်ခွင့် မရှိပါဘူး)
ကောင်လေး...က
ကောင်မလေး....ကို ချစ်ခွင့်ရှိနေစဉ်မှာ
ကောင်မလေး.... ကလည်း
ကောင်လေး... ကို
(၁) လွတ်လပ်စွာ ငြင်းပိုင်ခွင့်၊
(၂) လွတ်လပ်စွာ ပြန်ချစ်ခွင့် ရှိပါတယ်။
ဒါပေမယ့်....
ကောင်လေးရဲ့  ချစ်ခြင်းမေတ္တာကို
စော်ကားပိုင်ခွင့် (လုံးဝ) မရှိပါဘူး။
ဒါ့အပြင်...
ကောင်လေးရဲ့ ချစ်ခြင်းမေတ္တာကို
လေးစားမှု (Respect) ပေးရမှာပါ။
ကောင်လေးဘက်ကလည်း
ကောင်မလေးက ပြန်မချစ်နိုင်ပါဘူးလို့
သိမ်မွေ့စွာ တုံ့ပြန်လာတဲ့အခါ
သူမရဲ့ လွတ်လပ်စွာ ငြင်းပိုင်ခွင့်ကို တလေးတစားရှိရပါလိမ့်မယ်။
(ကောင်လေးအနေနဲ့ ဘောင်ထဲက ကြိုးစားအားထုတ်မှု ရှိလို့ရပါတယ်..
ငါ့ကို မင်း..ပြန်ချစ်ကို ချစ်ရမယ်ဆိုတာမျိုးတော့ မရပါဘူး)
ကောင်လေး၊ ကောင်မလေးတွေနဲ့ မျက်စိရှုပ်နေလောက်ပါပြီ
ချစ်ခွင့်၊ မချစ်ခွင့်က လူတစ်ယောက်ချင်းစီရဲ့  မွေးရာပါ အခွင့်အရေးပါ။
လက်ခံခွင့်၊ ငြင်းပယ်ခွင့်ကလည်း တန်းတူညီမျှ ရွေးချယ်ခွင့်ပါ။
သို့သော်....
တစ်ဘက်သားရဲ့  ချစ်ခြင်းမေတ္တာကို
မတူမတန်သလို၊ မလေးစားသလို၊ စော်ကားသလိုတော့
ဘယ်တော့မှာ မလုပ်ဖို့တော့ အရေးကြီးလွန်းလှပါတယ်။
မှတ်ချက်။
မိန်းကလေးက ယောကျာ်းလေးကို စ,ချစ်ချစ်
ယောက်ျားလေးက မိန်းကလေးကို စ,ချစ်ချစ်
အတူတူပါပဲ။
-----------------
အိမ်ဝေးသူ(KZ)
-----------------

No comments:

Post a Comment