Thursday, 25 September 2014

ကျွန်တော်တို့ခေတ်မှာဗျာ


ကျွန်တော်တို့ ခေတ်မှာ
စပ်စုတတ်သူတွေ များလာတယ်
စူးစမ်းတတ်သူတွေ များလာတယ်
ပတ်ဝန်းကျင် ဂရုတစိုက်ရှိသူတွေ များလာတယ်။
(ဝမ်းသာရပါတယ်)

စူးစမ်းလေ့လာသူတွေက
သူတို့မြင်တွေ့ရသမျှတွေကို
ကင်မရာတွေ၊ ဗီဒီယိုရိုက်စက်တွေနဲ့
သေသေချာချာ မှတ်တမ်းယူတတ်လာကြတယ်
နှောင်းလူတို့အတွက် အထောက်အထားတွေ ရစေတာပေါ့။
(ဝမ်းသာရပါတယ်)
ကျွန်တော်တို့ ခေတ်မှာ
စူစမ်းလေ့လာသူတွေလည်း များလာတယ်
ကျားကုတ်ကျားခဲ မှတ်တမ်းပြုသူတွေလည်း များလာတယ်
မှတ်တမ်းယူနိုင်တဲ့ ပစ္စည်းကိရိယာတွေလည်း ထွန်းကားလာတယ်
ဒါပေမယ့်ဗျာ…
ကျွန်တော်တို့ခေတ်မှာ
ကူညီကယ်တင်လိုမှုတွေက ရှားပါးကုန်ပစ္စည်းတစ်ခုလို ဖြစ်လာတယ်။
(ကြေကွဲရပါတယ်)
မှတ်ချက်။
၁)
ဒီကိစ္စကို ပထမဦးဆုံး မှတ်တမ်းတင်ထားနိုင်သူက (ငါ) ပဲကွ လို့ ဂုဏ်ယူချင်စိတ်က
တစ်စုံတစ်ယောက် ဒုက္ခရောက်နေတာ (ဥပမာ…Accident တစ်ခုခု ဖြစ်တဲ့အခါ) ကို ကူညီလိုစိတ်ထက် ပိုလာကြတယ်။
၂)
လက်ထဲမှာ ရှိတဲ့ မှတ်တမ်းတင် ကိရိယာတစ်ခုခုနဲ့ တစ်စုံတစ်ယောက်ရဲ့ 
(အရှက်သိက္ခာကို) ခြေမွဖျက်စီးတတ်လာကြတယ်။
၃)
မှတ်တမ်းတင်လိုစိတ်လေးနဲ့အတူ
ကူညီဖေးမလိုစိတ်လေး တွဲပါလာရင်တော့ အကောင်းဆုံးပေါ့ဗျာ။
၎)
အားသာချက်တွေ၊ ကောင်းတဲ့အချက်တွေကိုတော့ အထူးတလည် မပြောတော့ပါဘူး။
ကူညီဖေးမလိုစိတ်ကို အသားပေးစေချင်တာနဲ့ ဆင်ခြင်သင့်တာလေးတွေကို ဆင်ခြင်ဖို့
ရည်ရွယ်ပြီး သတိပေးမိသွားတာပါ။
-----------------
အိမ်ဝေးသူ(KZ)
-----------------

No comments:

Post a Comment