Tuesday, 23 September 2014

လုပ်ရပ်၊ စေတနာ (အမှား)


"လုပ်ရပ်" နဲ့ "စေတနာ"ကို
ကျွန်တော်တို့ မျိုးဆက်သစ်တွေ
သေသေချာချာ ကွဲပြားဖို့လိုပါတယ်။

မိဘနဲ့သားသမီး ဆက်ဆံရေးမှာ
"လုပ်ရပ်"နဲ့ "စေတနာ"ကို
ရောထွေးပစ်လိုက်ကြတာများတယ်။
မိဘရဲ့ လုပ်ရပ်တစ်ခုက
(မှားချင်မှားမယ်၊ မှားကောင်းမှားမယ်)
မိဘရဲ့  စေတနာကတော့ သားသမီးအတွက်
(လုံးဝ မမှားနိုင်ဘူး၊ ဘယ်တော့မှ မမှားဘူး)။
ခေတ်စနစ်ကွာခြားမှုအရ
မျိုးဆက်ကွာဟမှုတွေအရ
မတူညီတဲ့ ဘဝအတွေ့အကြုံအရ
မတူညီတဲ့ ပညာရေးအနိမ့်အမြင့်အရ
တစ်ခါတရံမှာ မိဘရဲ့  စေတနာက
သားသမီးအတွက် ဝေဒနာ ဖြစ်တတ်/ဖြစ်နိုင်တယ်။
သားသမီးတွေအနေနဲ့
တကယ့်ကို လေးလေးနက်နက်နဲ့ သတိထားရမှာက
မိဘရဲ့ လုပ်ရပ်အမှားကို (နားလည်ပေးပီး)
မိဘရဲ့ စေတနာကို (အသိအမှတ်) ပြုပေးခြင်းပါပဲ။
ကျွန်တော့်တို့ မိဘတွေရဲ့ လုပ်ရပ်တွေမှားခဲ့ရင်တောင်
အဲ့ဒီ့ မှားယွင်းသောလုပ်ရပ်ဆိုတာကြီးရဲ့ အရှေ့ တည့်တည့်မှာ
(စေတနာ)ဆိုတဲ့ ဝေါဟာရကို ဖြည့်စွက်ကြည့်လိုက်ပါ။
" စေတနာ + အမှား " =" စေတနာအမှား "
အလွန်ကို လှပတဲ့ မိဘရဲ့  စေတနာအမှားကို မြင်ရမှာပါ။
မေမေကလဲဗျာ...
ဖေဖေကလဲဗျာ...ဆိုတာတွေထက်စာရင်
မေမေ့/ ဖေဖေ့လုပ်ရပ်က ဘယ်လောက်မှားမှား
မေမေ့/ ဖေဖေ့စေတနာကတော့
ငါ့အတွက် ဘယ်တော့မှ မမှားဘူးဆိုတာကို
တွေးပေးပြီး ကျေနပ်လိုက်နိုင်ရင်ပဲ
တကယ့်ကို ကြည်နူးချမ်းမြေ့စရာ မဟုတ်ပါလားခင်ဗျာ။
မှတ်ချက်။
မိဘနဲ့ သားသမီး ဆက်ဆံရေးကို အဓိကထားပြီး
ပြောခဲ့ပေမယ့် တကယ်တော့ မြောက်များစွာသော
လူမှုဆက်ဆံရေးနယ်ပယ်တွေအတွက်လည်း အကျုံးဝင်ပါတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
Myo Nyo Win's photo.

No comments:

Post a Comment