ဘဝဆိုတာ ပျံသန်းခြင်းဆိုရင်
သင်ယူခြင်းက (ညာ) တောင်ပံ၊
ကျင့်သုံးခြင်းက (ဘယ်) တောင်ပံပေါ့။
ပျံသန်းခြင်း အနုပညာမြောက်ဖို့
(သင်ယူခြင်း+ကျင့်သုံးခြင်း) ဆိုတဲ့
အတောင်ပံ နှစ်ဘက်စလုံးကို
စည်းချက်ညီညီ အလုပ်,လုပ်ခိုင်းရတယ်။
ဟန်ချက်ပျက်ရင်တော့ ခံ,ရ ခက်ရပါလိမ့်မယ်။
မှတ်ချက်။
တစ်ချို့ က သင်ယူရင်းနဲ့ အချိန်တွေကုန်လွန်ပစ်လိုက်ကြတယ်။
နောင်တစ်ချိန်မှာ ကျင့်သုံးမှာပေါ့လို့ ပေါ့ပေါ့ဆဆ တွေးတတ်ကြတယ်။
အဲဒါမျိုးက ရာနှုန်းပြည့် မသေချာဘူး။
သင်ယူရင်းနဲ့ မိမိဘဝထဲကို သွတ်သွင်းအသုံးချခြင်းက
နောင်တ, ကင်းရာကင်းကြောင်း ဖြစ်တယ်။

No comments:
Post a Comment