Wednesday, 3 June 2015

အထူးအဆန်းမဟုတ်


ဘာသာခြားတွေက
ဘာသာအစွဲ၊ လူမျိုးအစွဲရှိတာ မဆန်းလှပါဘူး။
(သဘာဝကျသေးတယ်လို့ ပြောရမှာပေါ့လေ)
x
ဘာသာတူအချင်းချင်းတောင်
ကိုယ်နဲ့အဆင်မပြေဖြစ်တဲ့အခါ (သို့) စော်ကားခံရတဲ့အခါ
လူမျိုးနွယ်စု နာမည်ကို ကိုင်ပြီး ပြောဆိုဆက်ဆံတတ်ကြသကိုး။
(မလိုအပ်ဘဲ ပြဿနာကြီးထွားပြီး သူ့ဘက်ကိုယ့်ဘက်တွေ ဖြစ်လာတယ်)
x
တကယ်တော့
ကျွန်တော်တို့တွေ အဘက်ဘက်က နောက်ကောက်ကျနေရတာတွေက
သိပ်တော့လည်း အထူးအဆန်းကြီး မဟုတ်လှပါဘူးလေ။
(မီးတောက်ကြီးတာကို လက်ခုပ်လက်ဝါးတီးချင်သူတွေ များလာတာကိုး)

--------------------
အိမ်ဝေးသူ(KZ)
--------------------
မှတ်ချက်။
မိမိအမြင်ကို မိမိကြိုက်သလို တင်ပြသည်။ မည်သူ့ကိုယ်ရေးကိုယ်တာကိုမျှ
အမည်ကိုင်ပြီး ပုတ်ခတ်စော်ကားရေးသားခြင်းမဟုတ်ကြောင်း နားလည်စေလိုသည်။

No comments:

Post a Comment