"မေမေ"လို့
ကျွန်တော် ထစ်ချုန်းတမ်းတပေမယ့်
"သားကြီး"လို့
ပြန်ထူးသံ မကြားခဲ့ရတာ လေးနှစ်ပြည့်ခဲ့ပြီ။
x
ဒီနေ့
မေမေနဲ့ ပက်သက်တဲ့
ခံစားချက်တချို့ကို ချရေးဖို့ ကြိုးစားကြည့်တယ်။
x
ဒါပေမယ့်
မိတ်ဆွေသားချင်းတချို့ရဲ့
မိခင်၊ဖခင်နဲ့ ပက်သက်ပြီး ရေးထားတဲ့
ခံစားချက်တွေ ဖတ်ရတော့ စိတ်မကောင်း ဖြစ်မိတယ်။
x
ကျွန်တော့်အရေးအသားကြောင့်
ခံစားချက် ရှိနေတဲ့သူတွေ ထပ်ပြီးခံစားရမှာစိုးလို့
မေမေနဲ့ ပက်သက်တဲ့ ခံစားချက်ကို (ဒီနေ့) မရေးတော့ဘူး။
x
ကျွန်တော့်ကို ခွင့်လွှတ်ပါ မေမေ...။
----------------
အိမ်ဝေးသူ(KZ)
အိမ်ဝေးသူ(KZ)
No comments:
Post a Comment