Saturday, 13 June 2015

သတ္တိရှိတဲ့ ယောက်ျား


ယေက်ျားတွေရဲ့
သတ္တိရှိတဲ့ အပြုအမူတွေ တော်တော်များများ ရှိပါတယ်။
x
အဲ့ဒီ့လို ရှိတဲ့အကြောင်းအရာများစွာထဲ
အကြောင်းအရာတစ်ခုကတော့...အိမ်ထောင်ပြုခြင်းပါပဲ။
x
ယောက်ျားတစ်ယောက်က
မိန်းမတစ်ယောက်ကို အထိုက်အလျောက် ပြည့်စုံအောင် ထားရမယ်။
မိန်းမနဲ့ ပေါင်းသင်းပြီး ရလာမယ့် သွေးသားတွေကို ပြုစုပျိုးထောင်ရမယ်။
အဲ့ဒါတွေကို သိရဲ့သားနဲ့ အိမ်ထောင်ပြုရဲတဲ့ ယောက်ျားတစ်ယောက်က
သတ္တိရှိပြီး ရင်ဆိုင်ရဲတဲ့ ယောက်ျားတစ်ယောက်လို့ ပြောလို့ရတယ်။
x
ကျွန်တော်တို့လို အသက် (၃၀) ပတ်လည် ရောက်နေကြတဲ့
ယောက်ျားလေး လူပျိုကြီးတွေအများစုကို လေ့လာလိုက်ရင်
အများစုက မိန်းမတစ်ယောက်ကို တာဝန်ယူရမယ့် အခြေအနေကို
အတိုင်းအတာ တစ်ခုအထိ စိုးရိမ်ကြောက်လန့်နေတတ်ကြတယ်။
x
တစ်နည်းအားဖြင့်
ကိုယ့်အရည်အချင်းနဲ့ မိသားစုတစ်စုကို ထူထောင်မွေးမြူဖို့
သတ္တိမရှိသေးဘူးလို့ သတ်မှတ်ချင် သတ်မှတ်လို့ ရပါတယ်။
ကျွန်တော်နဲ့ အသက်တူအရွယ်တူ တစ်ယောက်ကို
သတ္တိရှိရှိနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ပြီး၊ ဇနီးသားသမီးတွေအတွက်
ရုန်းကန်လှုပ်ရှားနေတဲ့ အိမ်ထောင်ရှင် ယောက်ျားတစ်ယောက်အဖြစ်
မြင်တွေ့ရတဲ့အခါတိုင်း ကိုယ့်ထက်ပိုပြီး တာဝန်ယူရဲတဲ့ သတ္တိရှိသူတစ်ယောက်လို့
ကျွန်တော် အမြဲအမွှန်းတင်နေမိတတ်တယ်။ (အားကျတယ်ပေါ့ဗျာ)
x
ကျွန်တော်လား...?
ကျွန်တော်ကတော့ အခုထိ သတ္တိနည်းနေတုန်းပါပဲ။
သူများတွေ မေးရင် ပိုက်ဆံရှာတုန်းလို့ ကျွန်တော် ဆင်ခြေပေးတတ်တယ်။
သူများတွေ မေးရင် အကြိုက်မတွေ့သေးဘူးလို့ ကျွန်တော် ဆင်ခြေပေးတတ်တယ်။
(ဆင်ခြေတွေနဲ့အတူ ကျွန်တော် သတ္တိနည်းသူတစ်ယောက် ဖြစ်နေတော့တယ်)


အိမ်ဝေးသူ(KZ)

No comments:

Post a Comment