Tuesday, 31 March 2015

"ရှင်သန်ခြင်းရဲ့ အခြားတစ်ဖက်တွင်ရှိသော"

ဘဝဆိုတာ

အိပ်မက်ထဲမှာ လမ်းလျှောက်ထွက်တာမျိုးဆိုရင်

သေခြင်းတရားဆိုတာ

ကိုယ့်အိမ်ကို ပြန်တဲ့.....အပြန်လမ်းခရီးလိုပါပဲ...။။။


အိပ်မက်မပြီးဆုံးခင်

အကောင်းဆုံးလမ်းလျှောက်နည်းကို

သင်ယူမယ်လို့ တွေးတောနေစဉ်မှာပဲ....


အိမ်ပြန်ခရီးအတွက်

(တကယ့်ကို အဆင်မသင့်သေးပေမယ့်)

ခြေလှမ်းပြင်ပြီးသားဖြစ်နေတတ်တယ်... ။။။


အိမ်ဝေးသူ (KZ)


No comments:

Post a Comment