Thursday, 5 March 2015

ဆင်ခြင်ပါ ညီမလေးရေ



ညီမလေးရေ။
မင်းဆီမှာ ချစ်သူရှိတယ်ဆိုပါစို့။
ညီမလေး ချစ်သူက
ညီမလေးနဲ့ သာယာကြည်နူးနေတဲ့အချိန်မျိုးမှာ
(အသဲလေး၊ အချစ်ဆုံးလေး၊ ...........) စသဖြင့်
ချစ်ဖွယ်စကားလုံးတွေနဲ့ ဆက်ဆံတတ်တယ်။
x
ဒါပေမယ့်
အဲ့ဒီ့ချစ်သူက ဒေါသထွက်လာတဲ့အခါ
ညီမလေးက သူ့ကိုဒေါသထွက်အောင်လုပ်မိတဲ့အခါ
အဲ့ဒီ့ ချစ်သူရဲ့ တုံ့ပြန်ပြောဆိုမှုက
(ကောင်မ၊ မသာမ၊ သေချင်းဆိုးမ.....) စသဖြင့်
ချက်ချင်းပြောင်းလဲသွားတတ်တယ်ဆိုရင်။
x
ကျေးဇူးပြုပြီး
အဲ့ဒီ့လို ချစ်သူရဲ့ လက်ထဲကနေ
အမြန်ဆုံး ရုန်းထွက်နိုင်အောင် ကြိုးစားပါ။
လူဆိုတာ ဒေါသထွက်ခွင့် ရှိပါတယ်။
ဒေါသထွက်ရင်လည်း ဆင်ခြင်တုံတရား နည်းပါးပြီး
အလျင်စလို တုံ့ပြန်ပြောဆို ပြုမူတတ်ကြပါတယ်။
ဒါဟာ လူ့သဘာဝဖြစ်လို့ မငြင်းသာပါဘူး။
x
ဒါပေမယ့်
မိန်းကလေးတစ်ယောက်အနေနဲ့
မိမိချစ်သူနဲ့ အိမ်ထောင်ပြုပြီးသွားရင်
ယောက်ျားတစ်ယောက်အပေါ်မှာ
လုံးလုံးလျားလျား မှီခိုနေထိုင်ကြရတာဖြစ်တတ်တော့
ဒေါသထွက်တဲ့အခါ နှုတ်ကြမ်းတတ်တဲ့ ယောက်ျားမျိုး
ဒေါသထွက်တဲ့အခါ လက်ကိုအသုံးပြုတတ်တဲ့ ယောက်ျားမျိုးကို
အတတ်နိုင်ဆုံး ကြိုတင်ရှောင်ရှားကြပေါ့ကွယ်။
x
ညီမလေးရေ
ချစ်ခါစကတော့ မင်းသည်းခံနိုင်ပါလိမ့်မယ်။
ကြာလာရင်တော့ အချစ်ဆိုတာက
မင်းကို ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။
ဒီနေ့
စိတ်ဆိုးဒေါသထွက်လို့ ဆဲဆိုမယ်။
နက်ဖြန်ကျရင်
ဒေါသအလျောက် လက်ပါခြေပါ ဖြစ်မယ်။
ရိုက်နှက်ပြီးမှ မှားသွားပါတယ်လို့
တောင်းပန်လာတဲ့အခါတိုင်းက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
x
ညီမလေးရေ
ဒေါသအလျောက် ဆဲဆိုတတ်၊ လက်ပါတတ်တဲ့
ချစ်သူခင်ပွန်းတစ်ယောက်က
အရက်သေစာ သောက်စားတတ်မယ်ဆိုရင်
ဘာတွေ ဆက်ဖြစ်နိုင်သလဲဆိုတာကို
မင်း...ကြိုတင်တွေးတောမိမယ်ဆိုရင်.....။။။
(အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်
ချစ်တယ်ဆိုတာ......?.........?.........?)

-------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment