Thursday, 26 March 2015

ငါ...နေကောင်းပါတယ်


ခေါက်ရိုးကျိုးနေတဲ့ မျက်နှာပေး
ကျွမ်းကျင်အရောင်းသမ အပြုံး
ပျားရည်စမ်းထားတဲ့ အသံတွေနဲ့ 
"နေကောင်းရဲ့လားဟင်" လို့ 
ငါ့ကို...မမေးပါနဲ့ ကောင်မလေးရယ်။
x
ရော့...
ဟောဒီမှာ
မင်းအကြိုက်ဆုံး ဓားတစ်လက်
ငါ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ပြီး
ငါ့နှလုံးသားဗဟိုကို
အဆုံးထိသာ ထိုးစိုက်ပစ်လိုက်ကွယ်။
x
ပြီးရင်တော့
မင်းကို သိပ်ချစ်ခဲ့တဲ့...ငါ
လက်ကျန်အသက်ငွေ့ငွေ့လေးနဲ့
ပြောလိုက်ပါရစေ
"ငါ...နေကောင်းသွားပါပြီ" လို့ ။

--------------------
အိမ်ဝေးသူ (KZ)

No comments:

Post a Comment