Monday, 2 March 2015
အကြီးဆုံး / အသေးဆုံး (သို့) နှလုံးအိမ်
ကမ္ဘာမှာ
အကြီးကျယ်ဆုံးသောအရာက
နှလုံးသား ဖြစ်သလို၊
x
ကမ္ဘာမှာ
အသေးမွှားဆုံးသောအရာကလည်း
နှလုံးသားသာလျှင် ဖြစ်ပါတယ်။
x
သဘောထားကြီးမြတ်သူရဲ့
နှလုံးအိမ်က
ကမ္ဘာဆယ်ခုမက ကြီးမားပေမယ့်
x
သဘောထားသေးသိမ်သူရဲ့
နှလုံးအိမ်ကတော့
ပုရွက်ဆိတ်တွင်းတစ်ခုထက်
ပိုပြီး သေးငယ်တတ်တယ်။
x
တစ်ချို့ သူတွေ နေတဲ့အိမ်က
ခမ်းနားကြီးကျယ်သလောက်
သူတို့ နှလုံးသားက သေးသိမ်လွန်းတယ်။
တစ်ချို့ သူတွေ နေတဲ့အိမ်က
စုတ်ပြတ်သေးငယ်သလောက်
သူတို့ နှလုံးသားက ကြီးကျယ်လွန်းတယ်။
x
အဲ့ဒီ့တော့
မိမိနေတဲ့ နေအိမ်က
သေးငယ်နုံချာနေပါစေ။
(လုံးဝ ရှက်စရာ မလိုပါဘူး)
ဒါပေမယ့်
မိမိအသွေးအသားထဲမှာ
ပိုင်ဆိုင်ထားတဲ့ နှလုံးအိမ်ကိုတော့
ကြီးကျယ်ခမ်းနား နေပါစေ။
------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment