Tuesday, 24 March 2015

အဆင်သင့်ဖြစ်နေသင့်တာပေါ့



အလုပ်သွားရင်
နောက်ကျမှာစိုးလို့
ကျွန်တော်...စောစောထရတယ်။
x
ဘတ်စ်ကားက
၁၀း၁၀ မိနစ်လာမယ်ဆိုရင်
ကျွန်တော် ၁၀း၀၀ လောက်ကတည်းက
ကြိုတင်စောင့်နေရတယ်။
(ဘတ်စ်လွတ်သွားမှာ စိုးလို့)
x
အလုပ်ကိုလည်း
အတတ်နိုင်ဆုံး စောစောရောက်အောင်သွားတယ်။
(နောက်ကျရင် အလုပ်ရှင် ငြိုငြင်မှာစိုးလို့)
x
ဒါပေမယ့်
အချိန်မရွေး ရောက်လာနိုင်တဲ့
သေခြင်းတရားအတွက်ကျတော့
ကျွန်တော် မစိုးရိမ်မိဘူးလား ?
သေပြီးရင်
ရင်ဆိုင်ရမယ့် ဖန်ဆင်းရှင်ကိုကျတော့
လူ့ဘဝက အလုပ်ရှင်လောက်တောင်
ကျွန်တော်
ကြောက်ရွံ့ စိုးရိမ်စိတ် မရှိတော့ဘူးလား ?
x
အနည်းဆုံးတော့
သေမင်းဆိုက်ရောက်လာတဲ့အခါ
ငါ...အသင့်ဖြစ်ပြီလို့ ပြောနိုင်အောင်
ကြိုတင် ပြင်ဆင်သင့်တာပေါ့ဗျာ...။
x
ခုတော့
ကျွန်တော့် အဖြစ်က...........။။။
တကယ်တော့လည်း
ကျွနတော်ဟာ
တလွဲဆံပင်ကောင်းသူ တစ်ယောက်ပါပဲဗျာ။

--------------------
အိမ်ဝေးသူ(KZ)

No comments:

Post a Comment