Wednesday, 25 March 2015
ထောင်ချောက်မိတဲ့ ကြောင်ကလေး
ကောင်မလေးရေ....
ကြောင်တစ်ကောင်လို ခြေဖွပြီး
နင့်နှလုံးသားထဲကို
ငါ...ရောက်သွားခဲ့တာပါ။
x
တကယ်ပါ
နင့်နှလုံးသား နံရံတွေကို
ကုတ်ခြစ်ဆွဲဖြဲပစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။
x
ငါ...က
နင့်နှလုံးသား နံရံကို နမ်းရှုံ့ ချင်ခဲ့ရုံပါ
နင့်နှလုံးသားအရိပ်မှာ ကွန်းခိုချင်ခဲ့ရုံပါ
နင့်နှလုံးသား သွေးကြောလေးတွေနဲ့
အချစ်သီချင်းတစ်ပုဒ် စပ်ချင်ခဲ့ရုံပါ။
x
ခုတော့လည်း
နင်ထောင်ထားခဲ့တဲ့
နှလုံးသားထောင်ချောက်အောက်မှာ
အချစ်ငတ်နေတဲ့ ကြောင်ကလေး
သွေးအလိမ်းလိမ်းပေါ့ ကောင်မလေးရယ်။
x
ဘာပဲဖြစ်ဖြစ်
ငါ့ဆီက ဖြစ်ထွန်းတဲ့သွေးကြောင့်
နင့်နှလုံးသားမှာ အားအသစ်ဖြစ်ရင်
ထောင်ချောက်ထဲတိုးဝင်ရကျိုး နပ်ပါပြီ
ချစ်လှစွာသော ငါ့ရဲ့  ကောင်မလေးရယ်။
--------------------
အိမ်ဝေးသူ(KZ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment