Thursday, 6 March 2014

လူကြီးနှစ်မျိုး


(၁)
အသက်ကြီးတယ်
အသိတော့ ငယ်တယ်။
လူကြီးစိတ် မွေးချင်ပေမယ့်
ကလေးစိတ်က အားကြီးတယ်။
ကလေးတစ်ယောက်လို
ကျင့်ကြံလာရင်း
တကယ့် ကလေးတစ်ယောက်
ဖြစ်လာတယ်။
(၂)
အသက်ကြီးတယ်
အသိလည်း ကြီးတယ်။
လူကြီးစိတ်ကို တည်ဆောက်ယူတယ်။
လူကြီးတစ်ယောက်လို
ကျင့်ကြံလာရင်း
တကယ့် လူကြီးတစ်ယောက်
ဖြစ်လာတယ်။
မှတ်ချက်။
တစ်ချို့ က ဆိုကြတယ်။
မျက်လုံးဆိုတာ စိတ်ရဲ့  ပြတင်းတဲ့။
ဒီဘက်ခေတ်မှာ
Facebook ဟာလည်း လူတွေရဲ့  စိတ်ကို
အတိုင်းအတာတစ်ခုထိ မှန်းဆနိုင်စွမ်းတဲ့
တဆင့်ခံ မျက်လုံးလို့ပြောရင် မှားမယ်မထင်ပါ။
အသက်ကြီးပေမယ့် လူကြီး မဖြစ်သေးတဲ့ လူကြီးတွေ
အသက်ငယ်ပေမယ့် ကလေး မဆန်တဲ့ လူငယ်တွေ
.................................................................တွေ
.................................................................တွေ
အများကြီးကို Facebook wall တွေပေါ်က တဆင့်
မြင်နိုင်လာပါပြီ။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment