တစ်ခါတရံမှာ ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ လက်ဝယ်ရောက်ရှိနေတဲ့
အရာတိုင်းကို ကိုယ်နဲ့သာဆိုင်တယ်လို့ ယုံကြည်တတ်ကြပါတယ်။
ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါအရ...
မိမိလက်ဝယ်ရောက်နေတဲ့အရာ ( တစ်နည်း...မိမိပိုင်ဆိုင်တ
တစ်ပါးသူရဲ့ လက်ထဲကို ကျေနပ်ဝမ်းမြောက်စွာ ပေးလိုက်ရတာမျိုးလည်း
ရှိတတ်ပါတယ်။
အဲဒီလို အခွင့်အခါမျိုးက လူတိုင်း မကြုံတတ်ကြပါဘူး...။
ကြုံရင်လည်း လူတိုင်းမှာ ( အဲ့လို ပေးနိုင်တဲ့ နှလုံးသားမျိုး ) မရှိကြပါဘူး။
ဒါပေမယ့် အဲလိုပေးနိုင်တဲ့ အနေအထားမျိုးနဲ့ အချိန်တစ်ခုကို
ကြုံကြိုက်ရလို့ တစ်စုံတယောက်ရဲ့  လိုအပ်ချက်ကို မိမိရပိုင်ခွင့်အပြည့်ထဲက
ရဲရဲဝံ့ဝံ့ ပေးကြည့်လိုက်စမ်းပါ...။
မိမိ
လိုချင်တာ မရလိုက်သည့်တိုင်အောင်....
မိမိရဲ့  ထိုတစ်စုံတရာကို အခြားလိုအပ်သူတစ်ယောက်ယောက်
ပေးလိုက်လို့ ဖြစ်လာတဲ့ ခံစားမှု (ကျေနပ်ပီတိ) က
ဘယ်လိုအရာနဲ့မှ မလဲနိုင်ပါဘူး။
ဒီဗွီဒီယိုထဲက ကလေးငယ်လေးဟာ
--------------------------
၁) ကလေးသဘာဝ အရ လိုချင်တပ်မက်မှု အပြည့်ရှိတယ်။
၂) ကံကောင်းထောက်မစွာနဲ့ သူစားချင်တာ...သူလိုချင်တာက
သူရရှိသွားတယ်။
၃) ဘယ်အရာကမှ သူစားချင်တာကို မစားရလေအောင်၊ သူလိုချင်တာကို
မရနိုင်လေအောင် မတားဆီးနိုင်ဘူး။
၎) ဒါပေမယ့် အဘွားအိုရဲ့  မြေးအရွယ် ကလေးငယ်တစ်ယောက်ရဲ့  မတော်တဆ
မှားယွင်းမှုတစ်ခုအပေါ် ခွင့်လွှတ်ပေးလိုက်နိုင်မှုက
ကလေးငယ်ရဲ့  ရင်ဘတ်ထဲကို နက်နက်ရှိုင်းရှိုင်း စူးနစ်ဝင်ရောက်စေခဲ့တယ်။
၅) သူ့ရဲ့ ဆာလောင်မှု...လိုချင်တပ်မက
ခွင်လွှတ်စာနာတဲ့ အပြုံးတစ်ပွင့်က အနိုင်ယူသွားတယ်။
၆) ကလေးငယ်က သတ္တိရှိတယ်။ သူ့လိုအပ်ချက်နဲ့ အဘွားအိုရဲ့ လိုအပ်ချက်ကို
တစ်ခနတာ နှိုင်းယှဉ်ပြီး တကယ့်လိုအပ်သူကို ကွဲကွဲပြားပြား သုံးသပ်နိုင်ခဲ့တယ်။
၇) အဲဒီနေ့က အဲဒီကလေးငယ်ဟာ သူစားချင်တာ..သူလိုချင်တာ မရလိုက်ပေမယ့်
သက်ကြီးရွယ်အိုတစ်ယောက်ရဲ့  အိုမင်းမစွမ်းအရွယ်မှာ ရင်ဘတ်ထဲက
တိတ်တဆိတ် ပေးလိုက်တဲ့ ဆုတောင်းစကားလေးတစ်ခွန်းက
သူ့ဘဝတစ်သက်တာလုံးမှာ သူစားချင်တာတွေ...လိုချင်တာ
ပြည့်ဝစေမယ့် အကြောင်းခံတစ်ခု မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ ယတိပြတ်
ပြောလို့ ရနိုင်ပါသလား???
အကယ်၍များ...
အကယ်၍များ...
အကယ်၍များ....
ဗွီဒီယိုထဲက အဘွားအို က...
ကလေးငယ်လေး ဘောလုံးကန်လိုက်လို့ ကျကွဲသွားတဲ့ ဖန်ခွက်တွေအတွက်
ဒေါသထွက်ပြီး ခွင့်လွှတ်ပြုံးနဲ့ ချိုချိုသာသာ မတုံ့ပြန်ခဲ့ဘူးဆိုရင်....
နောက်ဆက်တွဲ အခြေအနေတွေအားလုံးက....
ကျွန်တော်တို့ မျှော်လင့်ထားသလို ဖြစ်လာပါ့မလား???
ဒီအဖြစ်အပျက်မှာ...အလှဆုံး အခြေအနေတစ်ခု ရှိနေတာကို
ကျွန်တော်တို့သတိပြုမိပါသလာ
အဲဒါကတော့... မေတ္တာတရားနဲ့ သန့်ရှင်းတဲ့ အပြုံးတို့ဟာ အတားအဆီးမဲ့
အပြန်အလှန် အတိုင်းမဲ့...အနှိုင်းမဲ့ စီးဆင်းတာပါပဲ...။
အဘွားအိုရဲ့  လုပ်ရပ်က ကလေးငယ်ကို သက်ရောက်စေတယ်...။
ကလေးငယ်ရဲ့ တန်ပြန်လုပ်ရပ်က အဘွားအိုကို အကျိုးဖြစ်ထွန်းစေခဲ့တယ်။
( မည်သူတစ်ဦးတစ်ယောက်ကမျှ တန်ပြန်တုန့်ပြန်မှုကို မျှော်လင့်မထားခဲ့ပါ )
မှတ်ချက်။
ီဒီဗွီဒီယိုနဲ့ ပက်သက်လို့ ကွန်တော် အပြုံး (၄) ခုကို မှတ်မှတ်ရရ သတိပြုမိပါတယ်။
(၁)
ဘောလုံးကန်လိုက်တဲ့ ကလေးငယ်ကို အဘွားအိုက ခွင့်လွတ်လိုက်တဲ့ အပြုံး...။
(၂)
ဖန်ခွက်အသစ်တွေကို ပြန်ရတဲ့အခါ ဖြစ်လာတဲ့ အဘွားအိုရဲ့ အပြုံး...။
(၃)
သူ့လုပ်ရပ်ကို သူကျေနပ်အားရပီတိဖြစ်ပြီး ပြုံးလိုက်တဲ့ ကလေးငယ်ရဲ့ အပြုံး...။
သုံးခုတည်းပါလို့ မပြောလိုက်ပါနဲ့ဦး။
လေးခုမြောက် အပြုံးတစ်ခု ကျန်ပါသေးတယ်။
အဲဒါကတော့...။
(၄)
မေတ္တာတရားနဲ့ ဟန်ဆောင်မှုကင်းတဲ့ အပြုံးတွေရဲ့ ကူးစက်ခြင်းကို ခံရပြီး
ကွန်ပျူတာရှေ့ မှာ (သို့မဟုတ်) Phone Screen ရှေ့မှာ ကျေကျေနပ်နပ် ပြုံးမိတဲ့
စာဖတ်သူရဲ့  အပြုံး/ ကျွန်တော့်အပြုံး။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment