{ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က
ကျွန်တော့်မျက်လုံးတွေကို အနိုင်မတိုက်နိုင်ဘူး။
အဆိပ်တက်နေတဲ့ “စိတ်” တစ်ခုကတော့
ကျွန်တော့် တစ်ညတာကို ဆွဲဆန့်နိုင်စွမ်းတယ် }
အိမ်ဝေးသူ(KZ)
(၁)
ကျွန်တော့်နှလုံးသားတစ်နေရာ
(၂)
ဤသို့ဖြင့် သူမ၏အငွေ့အသက်တို့ လွှမ်းခြုံထားသည့် (---------) အကောင့်ထဲသို့
ကျွန်တော့် နှလုံးသားအစုံကို ခြေစုံပစ်ဝင်လိုက်သည်။ ရေငတ်နေသည့် ခရီးသည်
တစ်ယောက်၏ ရေအိုးစင်တွေ့သည့် ခြေလှမ်းမျိုးဖြင့် ကျွန်တော် သူမ၏ Timeline တလျှောက် အငမ်းမရ ကြည့်ရှုခံစားမိသည်။ ကျွန်တော့်ရင်ဘတ်တွေ လှိုက်ခနဲ
ဖြစ်သွားတတ်သည်ကို ကျွန်တော်သတိပြုမိသည်။
(၃)
သူမ၏ နာမတော်လေးကို မြင်ခွင့်ရနေခြင်းသည်ပင်လျှ
ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။ သူမ၏ လက်ချောင်းကလေးများဖြင့်
ရိုက်ထားသော စတေးတပ်စ်အချို့ ကို မြင်ရခြင်းသည်ပင် ရေတစ်ခွက်
သောက်ရသကဲ့သို့ အေးမြစေသည်။ ကျွန်တော်နှင့် ပြတ်စဲရသည့်အတွက်
နောင်တမရကြောင်း သွယ်ဝိုက်စွာဖော်ကျူးထားသည်
သူမ ခင်းကျင်းပြသထား သည်။ ပထမချစ်သူ မရှိတော့လျှင် ဒုတိယချစ်သူက
ကောင်းခြင်းများစွာဖြင့် သူမဘဝထဲသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း
အသိပေးထားသည်။ သူမ၏ ဝေါလ်ထဲသို့ ကျွန်တော် လမ်းမှားပြီး ရောက်လာ
လိမ့်မည်ဟု လုံးဝမျှော်လင့်ထားဟန်မတူ။ လက်ဖမိုး၊ လက်ဖဝါး အယူအဆကဲ့သို့ သူမဘက်က အမှန်တရားဟု ယူဆ၍ ကောင်းရာကောင်းကြောင်း ခရီးဆက်နေပြီ
ဆိုလျှင်ပင် ကျွန်တော်က ကျေနပ်နေပြီဖြစ်သည်။
(၄)
သူမ ခင်းကျင်းထားသော ပြခန်းထဲမှာ စိတ်လိုလက်ရ လှည့်ပတ်ကြည့်ရှူ့ နေသော ကျွန်တော့်ခြေလှမ်းတို့ တုံ့ခနဲ ရပ်သွားသည်။ ကျွန်တော့် မျက်လုံးအစုံတို့
ပြူးကျယ်သွားစေသည့် အခင်အကျင်းတစ်ခုက ကျွန်တော့်ကို ကြိုဆိုနေသည်။
“(----------) is in a relationship” တဲ့။
ထို ပက်သက်မှု ပြ ဝါကျတစ်ကြောင်းကို အကြိမ်ပေါင်းများစွာ ကျွန်တော်ဖတ်မိသည်။
သူမထားရစ်ခဲ့သည့် အငွေ့အသက်တစ်ချို့ ကို ပွေ့ပိုက်ပြီး အတိတ်ကာလတစ်ခုကို
အလည်အပတ်သွားချင်မိသောကျွန်
“အိုး..သူမက သိပ်ကိုပါးနပ်သည့် မိန်းကလေးတစ်ယောက်ပဲ၊ သူမ ရွေးချယ်တာ မမှားလောက်ပါဘူး” ဟု ကျွန်တော့်ဦးနှောက်က ကျွန်တော့်နှလုံးသားကို
ဖြေသိမ့်ရှာသည်။ တကယ်တော့ ထိုနှလုံးသားနှင့် ဦးနှောက်ဆိုသော အရာနှစ်ခုက ကျွန်တော်ဖြတ်သန်းရာ ဘဝတစ်လျှောက် အမြဲဆန့်ကျင်ဘက်အမြင် များဖြင့်
ငြင်းခုံတိုက်ခိုက်နေခဲ့သည်
လေသံတစ်မျိုးတည်းဖြင့် အဖြေတိတိကျကျ ထုတ်ပေးလိုက်ပြီဖြစ်သည်။
(၅)
ကွန်ပျူ တာရှေ့တွင် ထိုင်နေသော ကျွန်တော့်နှလုံးသားက “Good Bye” သီချင်းကို အစပျိုးနေပြီဖြစ်သည်။ မာရီယာနာချောက်၏ နက်ရှိုင်းမှုမျိုး၊ အိန်ဂျယ်လ် ရေတံခွန်၏ တရစပ်စီးဆင်းမှုမျိုးဖြင့် တည်ဆောက်ခဲ့သော ကျွန်တော့်ခံစားမှုတို့ ပျက်သုဉ်းတော့မည်။ လွန်ဆွဲခြင်းများစွာ ရှိသည့်အနက် ခံစားမှုကို လွန်ဆွဲယူရခြင်းက ခက်ခဲလွန်းသည်ကို ကိုယ်တိုင်ကြုံမှ ကျွန်တော်ယုံမိပြီဖြစ်သည်။ ပိုင်ရှင်ရောက်လာပြီဖြစ်သော
သိုးကျောင်းသားတစ်ယောက်က သူ့သိုးအုပ်ကို တမ်းတမ်းတတ လှည့်ကြည့်သလို
သူမ၏ ခင်းကျင်းပြသမှုများကို ကျွန်တော် မှတ်မှတ်ရရ ကြည့်ပြီးသည့်အဆုံး ကျွန်တော့် ညာလက်၏ အကူအညီဖြင့် “Log Out” ဆိုသော ခလုတ်ကလေးကို နှိပ်ပစ်လိုက်သည်။ တကယ်တော့လည်း ထိုခလုတ်နှင့်တွဲလျက် ရှိသော ကျွန်တော့်နှလုံးသားထဲက “Log Out” ခလုတ်ကိုပါ ပိုင်နိုင်စွာ နှိပ်လိုက်နိုင်ခဲ့ခြင်းကို
(၆)
ကျွန်တော့်နှလုံးသားအတွင်းရ
(၇)နှစ်တာမျှ တုံ့ဆိုင်းနေခဲ့သော်လည်း “(----------) is in a relationship”
ဆိုသော စကားစုလေး၏ ကျေးဇူးတော်ဖြင့် အတားအဆီးမရှိဘဲ
တစ်ညတာအတွင်း တခမ်းတနား အဆုံးသတ်နိုင်ခဲ့ပြီဖြစ်သည်
မည်သို့ပင်ဆိုစေကာမူ
“သူမဘဝ သာယာဖြောင့်ဖြူးပါစေ” ဟူသော ကျွန်တော့်ဆုတောင်းကိုမူ
သူမ၏ ဘဝတစ်လျှောက် နေ့စဉ်ရက်ဆက် ပိုင်ဆိုင်နေဦးမည်ဖြစ်သည်။
-------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment