တစ်စုံတယောက်၏ (လက်ခံခြင်း) ကြောင့် လူ့လောကမြေပြင်မှာ
ကျွန်တော် ခြေချခွင့် ရခဲ့သည်။ အကယ်၍ (အငြင်းခံ) ခဲ့ရမည်ဆိုပါကလည်း ကျွန်တော့်မှာ စောဒက တက်ပိုင်ခွင့် ရှိမည်မဟုတ်။ မူကြိုကျောင်းစတက်ခဲ့သည့်အရ
ယနေ့ ဤစာကို ရေးသားနေသည့်အချိန်အထိ (လက်ခံခြင်း၊ငြင်းပယ်ခြင်း)
အမှုကိစ္စများစွာ ကျွန်တော် ကြုံခဲ့ဖူးပါသည်။
အချို့ ကိစ္စများတွင် ကျွန်တော်က ငြင်းပယ်သူ ဖြစ်ပြီး ၊
အချို့ ကိစ္စများတွင်မူ ကျွန်တော်ကိုယ်တိုင်က အငြင်းပယ်ခံရသူ ဖြစ်သည်။
ကျွန်တော်ကမူ
ထိုအချင်းအရာများသည် အမြဲတမ်း မျှတစွာဖြစ်ပျက်နေသည်ဟု ယူဆသည်။
ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းတွင်
၁)
ငြင်းပယ်ခံရမည်ကို စိုးရိမ်သူ။
၂)
ငြင်းပယ်ခံရမည်ကို စိုးရိမ်ပြီး မိမိရသင့်သည့်အခွင့်အရေးကို
၃)
ငြင်းပယ်ခံရသည့်အခါတွင်လည်း
၎)
ငြင်းပယ်ခြင်းခံရသည့်အခါ ရှက်စိတ်၊ ဒေါသစိတ်တို့ဖြင့် ငြင်းပယ်သူကို တုံ့ပြန်တတ်သူ။
၅)
ငြင်းပယ်ခံရသည့်အတွက် နောင်တစ်ကြိမ်တွင် ထိုသူတောင်းဆိုလာမည့်
အချင်းအရာများကိုလည်း ပြတ်ပြတ်သားသား ငြင်းပယ်ပစ်လိုက်ဦးမည်ဟု ကြိုတင်အမှတ်အတေးထားသူ ဟူ၍ အမျိုးမျိုးရှိပါသည်။
ကျွန်တော်သည်
“ခင်ဗျားတို့ တောင်းဆို(မေး)သမျှကို လိုက်လျောပါမည်” ဟူသော
စာချုပ်စာတမ်းတစ်ခုကို ကိုင်ပြီး လူဖြစ်လာသူ တစ်ဦးမဟုတ်ပါ။ တောင်းဆိုစရာရှိသည်ကို ခင်ဗျားမှာ တောင်းဆိုပိုင်ခွင့် ရှိပါသည်။ ငြင်းဆိုခြင်း၊ လက်ခံခြင်းမှာလည်း
ကျွန်တော့်အပိုင်းဖြစ်ပါသည်
ကျွန်တော်လက်ခံနိုင်စွမ်းမရ
သို့သော် ယနေ့အချိန်ထိ အံ့အားသင့်စရာ အချင်းအရာများစွာ ကျွန်တော်ကြုံခဲ့ပြီး ဖြစ်ပါသည်။
အချို့သူများက ကျွန်တော့်ကိုယ်ရေးကိုယ်တာဆ
ဖြေနိုင်သည်များကို မခြွင်းမချန်ဖြေလေ့ရှိပြီး မဖြေနိုင်ပါကလည်း မဖြေနိုင်ကြောင်း၊ (မဖြေချင်ကြောင်း) အတိအလင်းဝန်ခံပြီး စိတ်မဆိုးစေချင်ကြောင်း ကျွန်တော်ကြိုတင် ပြောပြလေ့ရှိသည်။ သို့သော် တစ်ဘက်လူက
(ကျွန်တော်ဘာမျှ အပြစ်ကျူးလွန်ခြင်း မရှိဘဲ) စိတ်ဆိုးသွားသည်။ (စိတ်ကောက်သွားသည်ဟု ဆိုလျှင် ပိုမှန်မည်) သူမေးသည်ကို ကျွန်တော် မဖြေနိုင်ခြင်းမှလွဲ၍ ကျန်တာ ကျွန်တော် အကောင်းဆုံး ဆက်ဆံခဲ့ပြီးဖြစ်သည်။
အချို့ သူများကမူ စတင်ရင်းနှီးရုံဖြင့် မိမိအပါအဝင်မိမိဆွေစဉ်မျို
ကျွန်တော်သည် ယနေ့အထိ မည်သူတစ်ဦးတယောက်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ မေးခွန်းများကို မေးမြန်းခဲ့ခြင်း မရှိခဲ့ကြောင်း ဆိုချင်ပါသည်။ ကျွန်တော့်ကို ခင်ဗျားအမည်နာမ ပြောချင်လည်း ဖြစ်သည်။ မပြောချင်လည်း
(ခင်ဗျားသုံးသည့် အကောင့်အမည်ကို ကျွန်တော်သုံးစွဲပြီး ပြောဆိုဆက်ဆံမည်ဖြစ်သည်)
ကိစ္စမရှိ။ ကျွန်တော် (ဘယ်လိုလူစားမျိုးပါ) ဟုဆိုပြီး ခင်ဗျား မိတ်ဆက်စရာ မလိုပါ။
အချိန်တန်လျှင် ခင်ဗျား ဘယ်လိုလူစားမျိုး ဖြစ်သည်ကို ကျွန်တော် ကွက်ကွက်ကွင်းကွင်း သိလာရမည်ဖြစ်သည်။ ထိုနည်းတူစွာ ကျွန်တော် (ဘယ်လိုလူစားမျိုး)
ဖြစ်ကြောင်းကို ခင်ဗျားကို တခုတ်တရ ဖွဲ့နွဲ့ပြောဆိုနေမည်မဟုတ်ပ
ကျွန်တော်သည် စာတိုပေစများ ရေးသားနေသော်လည်း “ကျွန်တော့်အကြောင်း”
ဟူသော စာစီစာကုံးတစ်ပုဒ်ကို တစ်ဘက်သားသိအောင် စိတ်ဝင်တစား(ကြိုတင်)
ဖွဲ့နွဲ့ပြရသည်ကို သိပ်မကြိုက်လှပါ။ အခါအခွင့်သင့်သည့်အခါတိုင်း
အခါတိုင်းတွင် ကျွန်တော့်အကြောင်းကို ကျွန်တော်ပြောချင်စိတ်ရှိလှ
ပြောပြမည်ဖြစ်သည်။
ဥပမာ။
ကျွန်တော်ဆရာဝန်တစ်ယောက်ပါဟ
ကျွန်တော် ကိုယ်တွေ့ကြုံဖူးပါသည်။ (သြော်...ဟုတ်ကဲ့...ကျွန်တေ
ဟုသာ ကျွန်တော် အဖြေပေးခဲ့သည်။ သို့သော် ပက်သက်ဆက်နွယ်ရာ ကာလကြာမြင့်လာသည်နှင့်အမျှ ထိုသူသည် ဆရာဝန်တစ်ယောက်တွင် ရှိသင့်သည့်
စောင့်ထိန်းမှုမျိုး မရှိဘဲ
(ဥပမာ-ငွေမျက်နှာတစ်ခုတည်းက
ဝမ်းဆွဲသည်တစ်ယောက်လောက်တော
ဂုဏ်ပုဒ်အားဖြင့် ဆရာဝန်ဖြစ်သော်လည်း ကျွန်တော့်အတွက်မူ
ငံပြာရည်ရောင်းသူထက်ဆိုးသည်
မေးခွန်း(၁) ကို မေးတော့ (ကိုယ်ရေးကိုယ်တာ ဖြစ်လွန်းသည့်အတွက်) ကျွန်တော်
မဖြေနိုင်ကြောင်း တောင်းပန်ပြောဆိုခဲ့သည်။ ထပ်မေးလျှင် သူအနေဖြင့် သိက္ခာကျမည်ဟု ယူဆပုံရသည်။ ထိုသို့ဖြင့် သူက မေးခွန်း ( ၂ နှင့် ၃ ) ကိုလည်း သူဆက်မမေးတော့။ အမှန်တကယ်တွင်မူ သူ့အနေနှင့် သူမေးချင်ရာကို လွတ်လပ်စွာ ဆက်လက်မေးပိုင်ခွင့်
ရှိသည်။ သို့သော် သူ့ခမျာ (ငြင်းပယ်ခြင်း) ဒဏ်ကို မခံစားနိုင်ရှာဘဲ မေးခွန်း(၁)မှာပင် တစ်သွားသည်။ ထို့အတွက် ကျွန်တော် ဘာမျှ မတတ်နိုင်။ သူ့အခွင့်အရေး
သူကိုယ်တိုင် ရုပ်သိမ်းသည်ဟုသာ ယူဆသည်။
နိဂုံးချုပ်ဆိုပါမည်။
ကျွန်တော် ခင်ဗျားကို နွေးနွေးထွေးထွေး ဆက်ဆံမည် ဖြစ်သည်။
ကျွန်တော် ခင်ဗျားကို တတ်အားသရွေ့ (နှုတ်၏ ဆောင်မခြင်း၊ ကိုယ်၏ စောင့်ရှောက်ခြင်း) ကူညီဖေးမ,မည်။ သည်လောက်ဆိုလျှင် ကျွန်တော်တို့ မိတ်ဆွေကောင်းအဖြစ်
ရပ်တည်နိုင်မည်ဟု ယုံကြည်ပါသည်။ ခင်ဗျား ဘယ်လိုလူ၊ ကျွန်တော်ဘယ်လိုလူ
ဆိုတာတွေနှင့် ကိုယ့်အကြောင်းကို စိတ်ဝင်စားအောင် ပြောပြရတာမျိုးကတော့ ပျင်းစရာကောင်းလွန်းသည်။ အချိန်တန်လျှင် (ခင်ဗျား၊ ကျွန်တော် )ဖုံးကွယ်ထားချင် သည့်တိုင် ဖုံးကွယ်၍ရမည်မဟုတ်ဟု ထင်ပါသည်။ ကျွန်တော် လူကောင်းပါဟု ကြော်ငြာခဲ့ပြီး အဆုံးသတ်မှာ လူဆိုးဖြစ်နေမည့် ဦးလူကောင်းအယောက် (၁၀၀)ထက်စာလျှင် နိဂုံးချုပ်မည့်တစ်နေ့မှာ ကျွန်တော်လူကောင်းပါဟု သက်သေပြသွားမည့် မိတ်ဆွေကောင်း(၁)ယောက်ကို ကျွန်တော် မျှော်လင့်နေမိပါသည်။
မှတ်ချက်။
ခင်ဗျားတောင်းစရာရှိသည့်အခွ
ကျွန်တော် လက်ခံနိုင်စွမ်းရှိပါက လက်ခံမည်ဖြစ်ပြီး၊ လက်ခံနိုင်စွမ်းမရှိပါက ကျွန်တော်
အားမနာတမ်း ငြင်းပယ်မည်ဖြစ်သည်။ ကျွန်တော် တောင်းဆိုသည့်အရာတိုင်းအတွက
ခင်ဗျားမှာ ကျွန်တော်ရရှိသည့် အခွင့်အရေးနည်းတူ (လက်ခံ၊ငြင်းပယ်) ခွင့် အပြည့်ရှိပါသည်။
ထို့အတွက် ကျွန်တော်တို့ ရင်းနှီးခင်မင်မှု နှမ်းစေ့မျှ လျော့သွားစရာမရှိဟု ကျွန်တော်ယုံကြည်ပါသည်။ ကျွန်တော်တို့ ဘယ်လိုလူစားမျိုးဖြစ်ကြောင်
လမ်းခွဲနှုတ်ဆက်ချိန်မှာ တစ်ဘက်လူက အလိုလိုခံစားသိရှိသွားသည်က ပိုကောင်းသည်ဟု ယူဆပါသည်။
(“ငါနှင့်မခေါ်၊ ငါ့းအိုးပုတ် ပြန်ပေး”ဟူသော
ကလေးသုံးသီအိုရီကို ကျွန်တော်တို့ စွန့်ပစ်လိုက်ဖို့ အချိန်တန်ပြီဖြစ်သည်)
--------------------
အိမ်ဝေးသူ(KZ)
No comments:
Post a Comment