အလျားအနံလိုက် ကျယ်ပြန့်လာတဲ့
အကုသိုလ်တရားတွေ စနစ်တကျ အကျဉ်းချ
နှလုံးသားကို..မိုင်ကုန်ဖွင့်ရင်း
၂၀၁၄ ရဲ့ ရမသွာန်ကို
တစ်ခုတ်တရ ကြိုဆိုလိုက်တယ်
မင်္ဂလာပါ...အိုရမသွာန်။
တစ်ချို့ က
အသျှင့်ဘက်ကို အပြေးအလွှား ခြေဦးလှည့်
တစ်ချို့ က
မေ့လျော့ခြင်းမှာ တောက်တဲ့လို တွယ်ကပ်
တစ်ချို့ ကျတော့
ထီလက်မှတ် လက်ဝယ်ရှိလျက် ဆုတ်ဖြဲပစ်သူ အဖြစ်မျိုး
အဖြူ အမည်း ကွဲပြားတဲ့နောက်
မေ့လျော့သူတွေကြား..နိုးကြားတတ်ရင်
ငါတို့ကမ္ဘာမှာ
နောင်တတွေ ငွေ့ရည်ဖွဲ့.... မိုးအဖြစ်ရွာကျစရာမရှိဘူး။
စေတန်ပျိုးခဲ့လေသမျှ
လောဘဒေါသ၊ မောဟတရားနဲ့
တဏှာပျင်းရိ၊ မိုက်မဲခြင်းအဆိပ်ပျိုးခင်းလေး
အသျှင့်အလိုတော်နဲ့
လောင်မီးတိုက်သွင်း ပျက်စီးခြင်းဆိုက်လို့
ငါတို့တတွေရဲ့ နှလုံးသားမှာ ဖြစ်ထွန်းခဲ့တာ
ညှာတာ၊ခွင့်လွှတ်၊စောင့်စည်းခြင်း ရနံ့တွေဝေနေတဲ့
သက္ကဝါစိုက်ခင်းလေးပဲပေါ့။
မွတ်သိပ်မှုကို မြိုသိပ်
ဒေါသတရားကို ခြိုးခြံ
သည်းခံခြင်းတရား လက်ကိုင်ထား
ပလိုင်းပေါက်နဲ့ ဖားမကောက်သရွေ့
ပြောင်းလဲလိုသူအတွက် တံခါးမရွေးဘူး။
ကဲ...ညီနောင်တို့
အောင်မြင်လိုသူတို့ရဲ့ မရိုးနိုင်တဲ့ ရိုးရှင်းမှုနဲ့ 
ပိတ်ထားတဲ့ နှလုံးသားတံခါးလေး
အရိုးသားဆုံး ဆွဲဖွင့်လိုက်ရင်း
ထာဝရ မှောင်မိုက်ခြင်းက လွတ်မြောက်ဖို့
တစ်ခဏတာလေးတော့
ငါတို့..စိတ်တွေ..ပြိုင်တူလင်းလိုက်ကြစို့။
---------------------
အိမ်ဝေးသူ (KZ)
---------------------
(ဆုတောင်း)
အသျှင်...
ကျွုန်ုပ်တို့၏ ညများအား
ခ,ဝပ်မှုဖြင့် နိုးကြားဖျတ်လတ်စေပါ။
အသျှင်...
ကျွုန်ုပ်တို့၏ နေ့တာ များအား
တ,သ မှုဖြင့် လန်းဆန်းစေပါ။
အသျှင်...
ကျွုန်ုပ်တို့၏ မျက်ဝန်းများကို
အသျှင့်ကြောက်စိတ်ဖြင့် မျက်ရည်တို့ ပြည့်လျှမ်းစေတော်မူပါ။
အသျှင်...
ကျွုန်ုပ်တို့၏ နှလုံးသားများကို
ဖန်ဆင်းရှင်အား တာဝန်ကျေပွန်စိတ်ဖြင့် ထုံမွှမ်းပေးတော်မူပါ။
(အာမီးန်)

No comments:
Post a Comment