Monday, 16 June 2014

သာသနာ့သောက ဟူသော ခေါင်းစဉ်အောက်က သတိထားစရာလေးတစ်ခု


သာသနာ့သောက ကို ပိုက်ပြီး
တစ်စုံတရာကို အားသွန်ခွန်စိုက် ကြိးပမ်းသည့်အခါ
ကိုယ်ရေးကိုယ်တာအတ္တစွဲများကို
ယာယီ သိမ်းဆည်းထားရမည်ဖြစ်သည်။

သာသနာ့သောက ဟူသော ခေါင်းစဉ်အောက်တွင်
မိမိ၏ ကိုယ်ရေးကိုယ်တာ အစွဲများကိုပါ တစ်ပါးတည်း ယူဆောင်သွားတတ်ပါကမူ
ထိုအရာနှစ်ခုအား သမမျှတစွာ အသုံးချတတ်ရန်လိုသည်။
လိုအပ်လျှင် မိမိ၏ အတ္တစွဲများကို မိမိကိုယ်တိုင် ချနင်းနိုင်ရမည်။
ထိုသို့မလုပ်ဆောင်နိုင်ပါက
မိမိ လုပ်ဆောင်နေသော မွန်မြတ်သော လုပ်ရပ်အတွက်
အဟန့်အတားကြီး တစ်ခုဖြစ်နိုင်သည်။
မတူညီသော ကျွမ်းကျင်မှုပေါင်းများစွာကို
ညီမျှစွာ ပေါင်းစပ်ပြီး သာသနာအတွက် အသုံးချရန်လိုအပ်သည်။
မိမိနှင့် အစေးမတည့်သည့် သူတစ်ဦးဖြစ်လင့်ကစား
ထိုသူလျှောက်ခဲ့သည့် လမ်းက မှားသည်မှန်ကို ထောက်ပြရမည့် အချိန်မဟုတ်။
ထိုသူသည် သာသနာ့သောကဟူသော ခေါင်းစဉ်အောက်မှာ
အဘယ်မျှ ပါဝင်ကြိုးပမ်းနေသည်ကိုသာ အသားပေး ချီးကျူးရမည့် အချိန်ဖြစ်သည်။
တစ်စုံတရာကြောင့် ပါဝင်နိုင်စွမ်း မရှိသူများသည်လည်း
မိမိ၏ နှုတ်လျှာ၊ အရေးအသားများကြောင့်
အမှန်တကယ် အနစ်နာခံ ဆောင်ရွက်နေသူများအား
စိတ်ညှိုးနွမ်းပင်ပန်းစေခြင်းမျိုးကို ရှောင်ရှားရမည် ဖြစ်သည်။
လိုအပ်ပါက
(မကူညီရင်နေ၊ မနှောင့်ယှက်ပါနှင့်) ဟူသော
စကားကို လက်ဝယ်ပိုက်ရမည်ဖြစ်သည်။
မှတ်ချက်။
ကျွန်တော်ကိုယ်တိုင်လည်း ထိုစကားအတိုင်း လိုက်နာကျင့်သုံးလျက် ရှိပါသည်။
အိမ်ဝေးသူ (KZ)

No comments:

Post a Comment