Tuesday, 3 December 2013

Nelson Mandela


လူနေချုံကြား
စိတ်နေဘုံဖျား ဆိုတဲ့ စကား
ခြွင်းချက်မရှိ အသက်သွင်းခဲ့သူ...။

အသားအရေ မည်းပေမယ့်
စိတ်အခြေခံ...ဖြူစင်သူ...။

အနစ်နာခံလိုစိတ်နဲ့
မျိုးနွယ်စုတစ်စုအတွက်
လင်းယုန်တစ်ကောင်လို
တိုက်ပွဲဝင်ခဲ့သူ....။

သစ်တစ်ပင်ကြောင့်
ငှက်တစ်သန်းမကလည်း
နားခွင့် ပျိုးခဲ့သူ...။

အရောင်ခြားနားမှုနဲ့
ဓလေ့ကွာဟမှုကို
တစ်သားတည်း ဂဟေဆက်ခဲ့သူ။....

လူတစ်ယောက် သေလို့
လူတွေကြေကွဲရုံမက
ကြယ်တွေပါ သည်းသည်းလှုပ်ခဲ့တဲ့နေ့...
အဲဒီနေ့ဟာ...
Nelson Mandela ဘဝကူးခဲ့တဲ့နေ့ ....။

အိမ်ဝေးသူ (KZ)


မှတ်ချက်။

Nelson Mandela ဟာ လူမည်းတွေအတွက်တော့
ယုံကြည်မှု၊ လွတ်လပ်မှု၊အောင်မြင်မှု တခါးတွေ ဖွင့်လှစ်ပေးခဲ့သူပါ။
သူက သူယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့ပါတယ်။
ကျွန်တော်တို့လည်း ကျွန်တော်တို့ ယုံကြည်မှုအတွက် ရှေ့ထွက်ကြမယ်ဆိုရင်
အဟန့်အတားဆိုတာ ခဏတာအတွက်ပါပဲ။

No comments:

Post a Comment