Friday, 14 August 2015

ညီမလေးကို သတိရတယ်...(ဒါပေမယ့်)


မိသားစု တစ်စုရဲ့
တကယ့်အနှစ်သာရက
ကောင်းခြင်းဆိုးခြင်းတွေကို
အတူတကွ မျှဝေခံစားနိုင်ခြင်းပဲ။
x
သာမန်အနအထားမျိုးမှာ
မိသားစုကို သိပ်ပြီးတမ်းတမနေပေမယ့်
ဘဝ အချိုးအကွေ့ကြီးကြီးနဲ့ ကြုံတိုင်း
(ဝမ်းသာလွန်း၊ ဝမ်းနည်းလွန်းအခြေအနေ)
ကိုယ်နဲ့အတူတကွ မျှဝေခံစားတတ်တဲ့
မိသားစုကို တမ်းတနေတတ်တုန်းပဲဗျာ။
x
ခုဆိုရင်
ကျွန်တော် သိပ်ချစ်ရတဲ့
ညီမထွေးလေး( သဲသဲ ) နဲ့
ဝေးရာမှာ နေရတာ (၇) နှစ်ကျော်ခဲ့ပြီ။
ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေထက်
သူ့ကို ပိုပြီး သတိရတယ်၊ တမ်းတတယ်။
x
ကျွန်တော်
သိပ်လုပ်ချင်နေတဲ့အလုပ် တစ်ခုရှိတယ်။
အဲ့ဒါကတော့
ကျွန်တော် သိပ်ချစ်ရတဲ့ ညီမထွေးလေးကို
ဖက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးပစ်လိုက်ချင်တာပဲ။
(ပိုတယ်လို့ပြောရင် ကျွန်တော့်မှာ ဖြေစရာ အဖြေမရှိဘူး)
x
ဘာပဲဖြစ်ဖြစ်
ကျွန်တော့်ဘဝက
မိသားစုနဲ့ တကွဲတပြားအနေအထားမှာ ရှိတယ်လို့
နာနာကျင်ကျင် ခံစားမိလိုက်တိုင်းမှာ
ရခိုင်က ကလေးငယ်လေးတွေရဲ့ ကြေကွယ်ဖွယ်မြင်ကွင်းတွေ
ပါလက်စတိုင်းက မိဘမဲ့ ဖြစ်သွားကြတဲ့
လူမမည်လေးတွေရဲ့ မြင်ကွင်းတွေ ပြန်ပြီး မြင်ယောင်မိတယ်။
x
သူတို့ အခြေအနေထက်စာရင်
ကျွန်တော်နဲ့ ကျွန်တော့် ညီမလေးအခြေအနေက.....။
ကျွန်တော် ဘာကိုမှ ထပ်မတွေးချင်တော့ပါ။
အသျှင့်ကိုသာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေမိတော့တယ်။
(အလ်ဟမ်ဒုလိလ္လာဟ်)

----------------
အိမ်ဝေးသူ(KZ)
-----------------

No comments:

Post a Comment