လောကမှာ
ပေးဖို့ မွေးဖွားလာတဲ့သူအချို့ရှိတယ်။
x
သူတို့က
အမြဲတမ်း ပေးချင်နေတဲ့ လူစားမျိုးတွေ။
သူတို့က
ပေးနေရတာကို ကျေနပ်နေတဲ့ လူစားမျိုးတွေ။
x
ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာတော့
အပေးအယူ မျှတာ ကောင်းတယ်လို့ ပြောကြတယ်။
ပေးဖို့အတွက်ပဲ လူဖြစ်လာတဲ့လူတွေကို
အပြစ်တင်ချင်ကြသူတွေလည်း ရှိကြတယ်။
x
ဒါပေမယ့်
ပေးနေရမှ ပျော်နေတတ်တဲ့သူတွေက
ပေးနေရမှ နေသာထိုင်သာရှိကြတာပါ။
သူတို့က ပြန်ယူဖို့အတွက်
ဘယ်တော့မှ အာရုံမရတတ်ကြပါဘူး။
x
တကယ်လို့
ယူဖို့သက်သက် မွေးဖွားလာသူတစ်ယောက်ကို
အတ္တကြီးလိုက်တာလို့ အပြစ်တင်မယ်ဆိုရင်တော့
ခင်ဗျားအခွင့်အရေးနဲ့ ခင်ဗျားပါပဲ။
ဒါပေမယ့်
ပေးနေရမှ ပျော်နေတတ်သူတွေကို
အတ္တကြီးလိုက်တာလို့ အပြစ်တင်မယ်ဆိုရင်တော့
ခင်ဗျားကိုယ်တိုင်က အတ္တကြီးသူတစ်ယောက်ပါပဲ။
x
အဲ့ဒီ့တော့
ပေးနေရမှ ပျော်နေတတ်သူတွေကို
အတ္တကြီးလိုက်တာလို့ အပြစ်တင်မယ့်အစား
ပေးဖို့ မွေးဖွားလာတဲ့သူတွေအဖြစ်
ကျေကျေနပ်နပ်ကြီး လက်ခံပေးလိုက်ပါ။
အဲ့ဒါဆို လောကကြီးက ကျေနပ်စရာကြီးပဲပေါ့။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
No comments:
Post a Comment