တစ်စုံတစ်ယောက်ကို
မိမိက စပြီး တောင်းပန်လိုက်ခြင်းကြောင့်
မိမိက အမှားကျူးလွန်သူလို့ မသက်ရောက်ပါဘူး။
x
ကျွန်တော့်ခံယူချက်ကတော့
ကျွန်တော်တို့ လူသားတွေဟာ
ပုံစံမျိုးစုံနဲ့ အပြစ်တွေကို ကျူးလွန်နေကြတယ်။
x
အဲ့ဒီ့အတွက်
မိမိ မှားသည်ဖြစ်စေ၊ မမှားသည်ဖြစ်စေ
မိမိက စပြီး တောင်းပန်လိုက်သင့်တယ်။
x
မမှားရင် တောင်းပန်စရာမလိုဘူး လို့
စောဒက တက်တဲ့သူ အချို့ ရှိပါတယ်။
တကယ်တော့
မိမိ ကစပြီး တောင်းပန်ရတဲ့
အကြောင်းအရင်း အချက် (၂) ချက်ရှိပါတယ်။
x
ပထမအချက်က
မိမိ စိတ်ကို မိမိ သေချာလုံခြုံသွားချင်လို့။
(ဘယ်နေ့သေမလဲဆိုတာ မသိနိုင်ဘူး)
ဒုတိယအချက်က
မိမိက စပြီး တောင်းပန်လိုက်ခြင်းအားဖြင့်
(မိမိက မမှားယွင်းခဲ့သည့်တိုင်အောင်)
တစ်ဘက်လူကလည်း သူ့အမှားကို တောင်းပန်ဖို့
သတိရသွားအောင် လုပ်ပေးနိုင်လို့ပါပဲ။
(သူ့အနေနဲ့လည်း တောင်းပန်ဖို့ မရှက်တော့ဘူး)
x
လူ့ဘဝမှာ
အခက်ခဲဆုံး အလုပ်ဖြစ်တဲ့
တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်း ဆိုပြီး ရှိရာမှာ
တောင်းပန်ခြင်း အလုပ်ကို မိမိကစပြီး လုပ်ခွင့်ရခဲ့ရင်
ကျွန်တော်တို့ဟာ ကံကောင်းသူများ ဖြစ်ကြပါတယ်။
----------------
အိမ်ဝေးသူ(KZ)
----------------
အိမ်ဝေးသူ(KZ)
----------------
No comments:
Post a Comment