Wednesday, 20 August 2014

"(ဘာ)ကုတ်၊ (ဘာ)ကုတ်"


ဒီနေ့ ---
အင်တာဗျူးတစ်ခုသွားရင်း
(မျက်စိရှေ့ တိုက်တိုက်ဆိုင်ဆိုင် မြင်ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကြောင့်)
ကျွန်တော်တို့ မြန်မာလူမျိုးတွေ
အပြောများတဲ့ စကားလေး တစ်ခွန်းရဲ့  အဓိပ္ပါယ်ကို
စဉ်းစားမိပြီး ပြုံးမိတယ်။ ပြီးတော့မရေမရာလည်း ဖြစ်သွားတယ်။

စကားလေးက....
"--င်ကုတ် ခေါင်းကုတ်" တဲ့။
ဘာလို့....ကုတ်တာလဲ ဆိုတာကို ဆက်စပ်တွေးကြည့်တော့လည်း
- လုပ်စရာ မရှိလို့ ကုတ်တာလည်း ဖြစ်နိုင်တယ်။
- ပျာယာခတ်ပြီး ဘာလုပ်ရမှန်း မသိလို့ ကုတ်နိုင်တာလည်း ဖြစ်နိုင်တယ်။
- တစ်ခုခုကို ယောင်စိန်လုပ်ရင်း အမှတ်မထင် ကုတ်မိတာလဲ ဖြစ်နိုင်တယ်။
ဘယ်လိုကြောင့် ကုတ်သည် ဖြစ်စေ....။
အဲ့ဒီ ကုတ်တဲ့ နေရာနှစ်ခုက တော်တော်လေး အလှမ်းဝေးတာကို သတိထားမိတယ်။
"ခေါင်းကုတ်၊ နားရွက်ကုတ်"
"ခေါင်းကုတ်၊ ပခုံးကုတ်"
"ခေါင်းကုတ်၊ လက်မောင်းကုတ်"
ဆိုရင်လည်း တော်သေးတယ်။
တစ်ခုနဲ့တစ်ခု နီးစပ်မှုလည်း ရှိပြီးတော့
ပိုပြီးတော့လည်း ကုတ်ရတာလွယ်တယ်လို့ လည်း ထင်မိတယ်။
တော်တော်ဝေးတဲ့ နေရာနှစ်ခုကို ကုတ်နိုင်တာရယ်...
"ခေါင်းကုတ်၊--င်ကုတ်" လည်း မဟုတ်ဘဲ အစီအစဉ် စနစ်တကျကြီးကို
ဘာလို့များ အောက်ဘက်ကို ကုတ်ပြီးမှ အပေါ်ဘက်ကို သွားတာလဲ
ဆိုပြီးတော့လည်း တွေးမိပြန်တယ်။
တကယ်ဆို..ံHygiene သန့်ရှင်းရေး အရ..
အပေါ်ကို ကုတ်ပြီးမှ အောက်ကို ကုတ်သင့်တယ် လို့လည်း ထင်မိပြန်တယ်ဗျာ။
ဒါပေမယ့်....စကားကိုက....
"--င်ကုတ် ခေါင်းကုတ်"
ဆိုတော့လည်း ဖတ်ရတာလည်း တစ်မျိုးကြီးပဲဗျ။
ဒါနဲ့....စကားမစပ်
စုံစမ်းလေ့လာဖူးသူများနဲ့ ကိုယ်တိုင် မြင်ဖူးသူများ ရှိပါက
သရုပ်ဖော် အရေးအသားနဲ့ တင်ပြလို့ ရပါတယ်။
ပြီးတော့...အဲ့လို လုပ်နေတာကို
တစ်ယောက်ယောက်က လှမ်းကြည့်လို့ မျက်လုံးချင်းဆုံမိရင်....
ဘယ်လို တုန့်ပြန်မှု မျိုး ရတတ်ပါသလဲ ဆိုတာလေးလည်း
အဆင်ပြေရင် သိချင်ပါသေးတယ်။
အရှက်ပြေ ရယ်ပြသလား?
အကြည့်ချင်း လွှဲသွားသလား?
ပူထူပြီး နောက်တစ်ကြိမ် ထပ်ကုတ်သလား?
ယောက်ျားလေး ဦးရေ များသလား?
မိန်းကလေး ဦးရေ များသလား?
Procedure အစဉ်လိုက် ကုတ်တဲ့သူများသလား?
ဖြစ်သလို အစီအစဉ်မကျ ဘဲ ကုတ်တဲ့သူ များသလား?
ရေးကြီးခွင်ကျယ်...--င်ကုတ်၊ခေါင်းကုတ်အကြောင်း အချိန်ကုန်ခံပြီး
ရေးတယ်လို့လည်း မထင်စေချင်ပါ။
---------------------
အိမ်ဝေးသူ (KZ)
---------------------
မှတ်ချက်။
ဘာရယ်မဟုတ်ပါဘူး။
တစ်ခါတလေတော့လည်း ပေါ့ပေါ့ပါးပါး တွေးမိရင်း ရယ်မိတာလေးကို
စာဖတ်သူထံ မျှဝေတဲ့ သဘောပါ။

No comments:

Post a Comment