Friday, 29 March 2013

သင့်ကြောင့် အဖျက်စီးခံလိုက်ရသော အိမ်တစ်အိမ်( မိသားစု ) တွင်


၁) ချစ်စ၊ ခင်စ၊ ကြင်နာစ ဇနီးမောင်နှံ၏ အပြန်အလှန်
ယုံစားအားကိုးမှု တစ်ခု ရှိခဲ့ဖူးပါသည်။
၂) မိခင်တစ်ယောက်၏ သား၊သမီးအပေါ် ထားရှိသော
အကြီးမားဆုံးသော မေတ္တာတရား တစ်ခု ရှိခဲ့ဖူးပါသည်။
၃) ဖခင်တစ်ဦး၏ မိသားစုအတွက် အနစ်နာခံ ပေးဆပ်နေသာ
မဆုံးနိုင်သော အိပ်မက်တစ်ခု ရှိခဲ့ဖူးပါသည်။
၎) သားအချစ် မြေးအနှစ်ဟု ဆိုကုန်ကြသော အဘိုးအဘွားတို့ ၏
ဆုတောင်းမေတ္တာ တစ်ခု ရှိခဲ့ဖူးပါသည်။
၅) အစ်ကိုတစ်ယောက်၏ ညီမလေးတစ်ယောက်အပေါ် ထားရှိသော
သံယောဇဉ် တစ်ခု ရှိခဲ့ဖူးပါသည်။
၆) မောင်လေးတစ်ယောက်၏ အစ်မကြီးတစ်ယောက်အပေါ် အားကိုးသော
တွယ်တာမှု တစ်ခု ရှိခဲ့ဖူးပါသည်။
၇) အရွယ်မရောက်သေးသော ကလေးငယ်တစ်ယောက်၏
တောက်ပသော အနာဂတ် တစ်ခု ရှိခဲ့ဖူးပါသည်။
၈) ဘဝကို စာလုံးပေါင်းတတ်ရုံရှိသေးသည့် လူမမယ်
ကလေးတစ်ယောက်၏ ငိုကြွေးသံတစ်ခု ရှိခဲ့ဖူးပါသည်။
၉) အနှစ်နှစ် အလလ ပြုစု ပျိုးထောင်ခဲ့ရလေသော
မိသားစု ထမင်းဝိုင်း တစ်ခု ရှိခဲ့ဖူးပါသည်။
၁၀) သေဆုံးကွယ်လွန်ခဲ့လေပြီးသော မွေးချင်းများ၏
အမှတ်တရ တစ်ခု ရှိခဲ့ဖူးပါသည်။
၁၁) မမြင်ရပေမယ့် ယုံကြည်ရလေတဲ့ အိမ်စောင့်နတ်၏
စောင့်ရှောက်မှု တစ်ခု ရှိခဲ့ဖူးပါသည်။
၁၂) ခ,ဝပ်ခြင်းများစွာဖြင့် ရိုကျိုးဦးတွားရသော
အရှင့်အတွက် ဦးချစရာနေရာ တစ်ခု ရှိခဲ့ဖူးပါသည်။

အိမ်ဝေးသူ (KZ)

မှတ်ချက်။
မည်သို့ ပင်ဆိုစေကာမူ သင်စိုက်ပျိုးခဲ့သမျှ
သင်သာ ရိတ်သိမ်းရပေလိမ့်မည်။

No comments:

Post a Comment