အိမ်ရှေ့မှာ ရေအိုးစင်တည်တတ်တဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
တစ်ဖက်သားကို အားနာတတ်လွန်းတဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အနန္တောအနန္တငါးပါးကို ရိုသေကိုင်းရှိုင်းတဲ့
မြည်မာပြည်သား သူငယ်ချင်းတို့ ။
လူ.လူချင်း ရိုင်းပင်းစာနာတတ်တဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အဖန်ဖန်အခါခါ သွေးမြေခလွန်းလို့ 
မရှောင်နိုင် ငါတို့ တုန့် ပြန်မိတဲ့အခါ
တရားခြင်း...မတရားခြင်း ဆိုတာ
မင်းတို့ အတွက် ပဟေဠိ တစ်ခုမဟုတ်ပေမယ့်
ငါတို့အတွက်တော့
အသက်ဆက်စရာ ဖြေဆေးတစ်ခုပဲ။
မင်းတို့ ရဲ့ သမာသမတ်မှုတွေ နဲ့ မျှတမှုတွေကို
မှတ်ကျောက်တင်ဖို့ အတွက်
ငါတို့ ဘဝတွေကို ချနင်းခံပြီး
သမိုင်းပေးတာဝန်တစ်ရပ်က
မင်းတို့ ရှေ့ ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ
ကြိုက်ရာလမ်းကို မင်းတို့ ရွေးပေါ့။
မြန်မာဟေ့ဆိုပြီး
ကမ္ဘာချီအောင် ခမ်းနားမယ့်
မင်းတို့ ရဲ့ လူသားဆန်မယ့် ရပ်တည်မှုမျိုးကို
ငါတို့ ရဲ့ ဝိညာဉ်တွေက စောင့်ကြည့်နေလိမ့်မယ်။
အိမ်ဝေးသူ (KZ)
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အနန္တောအနန္တငါးပါးကို ရိုသေကိုင်းရှိုင်းတဲ့
မြည်မာပြည်သား သူငယ်ချင်းတို့ ။
လူ.လူချင်း ရိုင်းပင်းစာနာတတ်တဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အဖန်ဖန်အခါခါ သွေးမြေခလွန်းလို့ 
မရှောင်နိုင် ငါတို့ တုန့် ပြန်မိတဲ့အခါ
တရားခြင်း...မတရားခြင်း ဆိုတာ
မင်းတို့ အတွက် ပဟေဠိ တစ်ခုမဟုတ်ပေမယ့်
ငါတို့အတွက်တော့
အသက်ဆက်စရာ ဖြေဆေးတစ်ခုပဲ။
မင်းတို့ ရဲ့ သမာသမတ်မှုတွေ နဲ့ မျှတမှုတွေကို
မှတ်ကျောက်တင်ဖို့ အတွက်
ငါတို့ ဘဝတွေကို ချနင်းခံပြီး
သမိုင်းပေးတာဝန်တစ်ရပ်က
မင်းတို့ ရှေ့ ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ
ကြိုက်ရာလမ်းကို မင်းတို့ ရွေးပေါ့။
မြန်မာဟေ့ဆိုပြီး
ကမ္ဘာချီအောင် ခမ်းနားမယ့်
မင်းတို့ ရဲ့ လူသားဆန်မယ့် ရပ်တည်မှုမျိုးကို
ငါတို့ ရဲ့ ဝိညာဉ်တွေက စောင့်ကြည့်နေလိမ့်မယ်။
အိမ်ဝေးသူ (KZ)
No comments:
Post a Comment