Sunday, 31 March 2013
ဝိုင်းဝန်း ကြိုးပမ်းကြပါစို့  !!!
“မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ”
ဟု တစ်ချိန်က အချုပ်တန်းဆရာဖေ မခံမရပ်ဖြစ်ခဲ့ဖူးသည်။ ယခုလည်း စည်းကမ်းမဲ့ပြီး လူမဆန်လွန်းသော စုန်းနှင့် လဒ
စပ်ကျသောလူတစ်စုကြောင့် ကမ္ဘာ့အလယ်မှာ ဗုဒ္ဒဘာသာနှင့် မြန်မာလူမျိုးတို့ ကို အကြမ်းဖက်သာသနာနှင့် အကြမ်းဖက်
လူမျိုးအဖြစ် မြင်ကြပေတော့မည်။အစဉ်အဆက် တောက်ပခဲ့သော မြန်မာ့သမိုင်း ကမ္ဘာ့အလယ်မှာ ရိုင်းခဲ့လေပြီ။ဖြစ်ရိုးဖြစ်စဉ်
အရောင်းအ၀ယ် ကိစ္စတစ်ခုကို အကြောင်းပြပြီး တစ်နိုင်ငံလုံး ဘာသာရေး အဓိကရုန်း ဖြစ်အောင် လှုံ့ဆော်နိုင်သော
“အကြမ်းဖက် လူတစ်စု” (အမှန်တကယ်တော့...Genociders များဟု သုံးလျှင် ပိုသင့်တော်ပါသည်)
ကျွန်တော်တို့ မြန်မာတစ်မျိုးသားလုံးအတွက် ကမ္ဘာ့အလယ်မှာ အရှက်ရစေသော လုပ်ရပ်ဆိုးကြီးကား “ဆွမ်းကြီးလောင်း”
ကြသည့် အကျင့်ပင်ဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ်ကို ကျွန်တော်တို့ မြန်မာလူမျိုးများ ဂရုမစိုက်ကြ။
တစ်စုံတစ်ရာ ဖြစ်လာလျှင် ဘယ်သူ့ကို အချောင်ဝိုင်းရိုက်ကြရမလဲ ဆိုတာလောက်သာ အာရုံထားကြသည်။
ဒီလိုစိတ်ဓာတ်တွေနှင့် လူတွေ များများရှိလို့ကတော့ … ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် အယောက်
တစ်ဒါဇင်လောက် ရှိစေဦးတော့ စစ်အုပ်ချုပ်ရေးကိုသာ မှန်းဆကာ တမ်းတရပေဦးမည်။
ကျွန်တော်တို့ မြန်မာလူမျိုးများအနေနှင့် အဓိက သတိထားရမည့် အချက်တစ်ချက် ကျန်ပါသေးသည်။
ထိုအချက်မှာ ဗုဒ္ဒဘာသာဝင် မြန်မာလူမျိုးများနှင့် အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုးများ နှစ်မျိုးစလုံးမှာ နိုင်ငံရေး
ကစားလိုသူတစ်စု၊ စီးပွားရေး လှည့်ကွက်လုပ်လိုသူ လူတစ်စု ၏ “အသုံးချခံလူသားများ” ဖြစ်သည် ဟူသော
အချက်ပင်ဖြစ်သည်။ လူနည်းစု ဖြစ်သော အစ္စလာမ်ဘာသာဝင် မြန်မာလူမျိုးများ(အကြမ်းဖက်တို့ အခေါ်အရ-ကုလား) နှင့်
လူများစုဖြစ်သော (မြန်မာလူမျိုး) နှစ်မျိုးစလုံးက အသုံးချခံ ဖြစ်ကြရသည့်တိုင် ယခုအကြိမ်တွင်တော့ မြှောက်ပင့်ပေးလျှင်
***တက်အောင် ကတတ်ကြသော လူတစ်စုကြောင့် “အကြမ်းဖက် ဗုဒ္ဓဘာသာဝင်များ” (Buddhist Terrorists) များအဖြစ်
ကမ္ဘာ့ သတင်းစာ အသီးသီးတို့ ၏ ထိပ်သီး ခေါင်းစဉ်များအဖြစ် နေရာယူလာခဲ့လေပြီ။
အလွန်တရာ ဝမ်းနည်းဖွယ် ကောင်းလေစွ။
လူနည်းစုဖြစ်သော မြန်မာမွတ်စလင်မ်များက ကမ္ဘာ့အလယ်မှာ အသနားခံလူသားများ အဖြစ် အသိအမှတ် အပြုခံရပြီး
လူများစုဖြစ်သော မြန်မာလူမျိုးများက အကြမ်းဖက်သမားများ အဖြစ်သို့ အဘယ်ကြောင့် အရောက်ခံကြတာလဲ???။
အဖြေက အလွန်ရိုးစင်းလှပါသည်။ ပြသနာတစ်ခု၏ အရင်းအမြစ်ကို အမုန်းတရား၊အယူအစွဲမပါဘဲ ပြသနာတစ်ခု အဖြစ်
ရှူမြင်တတ်ခြင်းက ခေတ်မီဖွံဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်လိုသော မြန်မာပြည်သူများအတွက်
အလွန်အရေးပါသော အချက်တစ်ချက်ဖြစ်ပေသည်။
နောက်တစ်ချက်က အင်တာနက်ကို ဥာဏ်ရည်မှီမှီ မသုံးတတ်တဲ့ facebook က ဆန်ကုန်မြေလေး မျက်ကန်း မျိုးချစ်
သူရဲကောင်းများအကြောင်းကလည်း မပြောမဖြစ် ပြောရပေဦးမည်။
-လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီး အကြောင်းမဲ့ ဆွမ်းကြီးလောင်းတတ်ကြကုန်သော …
-အကြောင်းမဲ့ အဖေ၊ အမေ၊ နှမများ နာမည်ကိုင်ကာဆဲဆိုတတ်ကြကုန်သော...
-သတင်းအမှန်အမှားကို မစဉ်းစား မချင့်ချိန်ကြဘဲ “share hero” အဖြစ် ခံယူထားကြသော...
-ဟိုကုလား သတ်မယ်၊ ဒီကုလားသတ်မယ်လို့ ကြွေးကြော်တတ်ကုန်သော ဗန္ဓုလမျိုးနွယ် သတ္တိခဲအပေါင်းတို့
သွေးချောင်းစီး ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ဆက်လက်မဖြစ်ပွားခင် တရားခံကို အပူတပြင်း လိုက်မရှာကြဘဲ
“မိမိကိုယ်ကို ဦးစွာ ဆန်းစစ်ကြပါခင်ဗျာ”
-ခင်ဗျားတို့ … ရွှေဆိုင်သတင်းနဲ့ ပက်သက်တာကို သတင်းအမှား ပေးမိကြသလား? ရှယ်မိကြသလား?
-မသက်ဆိုင်သော ဓာတ်ပုံများကို မဆိုင်သော နေရာများက ယူပြီး သတင်းလွဲကြသလား?
-မီးငြိမ်းအောင် မကြိုးစားဘဲ မီးပိုလောင်အောင် ကြိုးစားလေပင့်ခဲ့ကြသလား?
ကျွန်တော်တို့ နားလည်ရမည်ကား မိမိစိုက်ပျိုးခဲ့သမျှ မိမိပြန်လည် ရိတ်သိမ်းရမယ်ဆိုတာပဲ…
ကမ္ဘာဆိုတာ အ၀န်းအ၀ိုင်းဆန်သလို သံသရာသည်လည်း လည်ပတ်ခြင်းသဘောကိုသာ ဆောင်ပါသည်။
အစဉ်အဆက် ကျက်သရေ ရှိရှိ ရှိနေခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်များ ကမ္ဘာအလယ်မှာ “အကြမ်းဖက် ဗုဒ္ဓဘာသာဝင်များ”
(Buddhist Terrorists) အဖြစ် ထာဝရ အမည်တွင် မကျန်ရစ်စေခဲ့ဖို့ ငြိမ်းချမ်းခြင်းဟူသော လူသားဝါဒ လက်ကိုင်ထားသော
ကျွန်တော့်မှာ တာဝန်ရှိသလို ကံ..ကံ၏ အကျိုးကို ယုံကြည်သော ခင်ဗျားမှာလည်း တာဝန်ရှိကြောင်း ပြောကြားလိုပါသည်။
လင်းဠ များ ပျံဝဲနေသော မြန်မာပြည် ရဲ့ ကောင်းကင်ကို ချိုးငှက်တို့ ၏ တောင်ပံခတ်သံများဖြင့် ပြန်လည်ရှင်သန်စေရန်
ကျွန်တော်တို့ အားလုံး ( အယူအစွဲကိုပယ်လို့ ) ဝိုင်းဝန်း ကြိးပမ်းကြပါစို့ ။
အိမ်ဝေးသူ (KZ)
-----------------------000-------------------------000-----------------------------000-------------------------
တိုက်ဆိုင်လွန်း၍ တစ်ချိန်က ဆရာဖေ ရေးခဲ့သော တွေးမိတိုင်း ကဗျာလေးကို မျှဝေပေးလိုက်ပါသည်။
တွေးမိတိုင်း
မြန်မာတွေ စည်းကမ်းဖောက်လို့ 
ထီးနန်းပျောက်ဖြစ်ပြီ
မှီငြမ်းထောက် အသစ်မှီတယ်
ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေသည်
ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
မြန်မာချင်း ကြွားကြချင်
ဓားပြသွင် သူခိုး
ကုလားမြင် သူ့ အမေရိုးတော့မလို
ခုမြေလျှိုး ပုန်းရှောင်
မိုက်မနော် ပြုမဟေးရယ်နဲ့ 
သူ့ ပထွေးတော့ ထွက်၍မဟောင်။
ပြောရောဟဲ့ ရာဇ၀င်ပြောင်အောင်
စာဇင်တောင် ဦးချလို့ 
ပလူးကြ ပြေးကြို့ ခါခါ
ခွေးသို့ ပမာ။
တွေးမိတိုင်း အရိုးနာတယ်
အမျိုးပါ ဆဲချင်ပေါ့လေး။
(အချုပ်တန်းဆရာဖေ)
Friday, 29 March 2013
"အဖျက်တရား"
ဓမ္မပျက်ယွင်း၊အတ္တထွင်း၍
အမျိုးသားရေး အန္တရာယ်ကောင်များ အဖြစ်
အသင်တွန်းပို့ ..ပျော်လွန်းလှပေသလား?
---------------
အသင်ပြောသော မျက်ကန်းမျိုးချစ်တရား
ဘာညာမှန်း..လူမသိငြားလည်း
အသင်ဟောသော တရားပျက်များနှင့်ပင်
ငါတို့ ဘဝတွေ ပြာကျနေပါပြီ...
---------------
အသင့်အတွက်
သင်းခွဲရခြင်းက၊ ထင်းခွဲရခြင်းလောက်
မခက်ပေသော်လည်း
---------------
ငါတို့ အတွက် တော့
မေတ္တာတရားများ လျှပ်ပြက်ရုံသာမက
အနာဂတ်တွေပါ...တိမ်းပါးလေပြီ..အသင် ။
---------------
အိမ်ဝေးသူ (KZ)
အသင်တွန်းပို့ ..ပျော်လွန်းလှပေသလား?
---------------
အသင်ပြောသော မျက်ကန်းမျိုးချစ်တရား
ဘာညာမှန်း..လူမသိငြားလည်း
အသင်ဟောသော တရားပျက်များနှင့်ပင်
ငါတို့ ဘဝတွေ ပြာကျနေပါပြီ...
---------------
အသင့်အတွက်
သင်းခွဲရခြင်းက၊ ထင်းခွဲရခြင်းလောက်
မခက်ပေသော်လည်း
---------------
ငါတို့ အတွက် တော့
မေတ္တာတရားများ လျှပ်ပြက်ရုံသာမက
အနာဂတ်တွေပါ...တိမ်းပါးလေပြီ..အသင် ။
---------------
အိမ်ဝေးသူ (KZ)
သင့်ကြောင့် အဖျက်စီးခံလိုက်ရသော အိမ်တစ်အိမ်( မိသားစု ) တွင်
၁) ချစ်စ၊ ခင်စ၊ ကြင်နာစ ဇနီးမောင်နှံ၏ အပြန်အလှန်
ယုံစားအားကိုးမှု တစ်ခု ရှိခဲ့ဖူးပါသည်။
၂) မိခင်တစ်ယောက်၏ သား၊သမီးအပေါ် ထားရှိသော
အကြီးမားဆုံးသော မေတ္တာတရား တစ်ခု ရှိခဲ့ဖူးပါသည်။
၃) ဖခင်တစ်ဦး၏ မိသားစုအတွက် အနစ်နာခံ ပေးဆပ်နေသာ
မဆုံးနိုင်သော အိပ်မက်တစ်ခု ရှိခဲ့ဖူးပါသည်။
၎) သားအချစ် မြေးအနှစ်ဟု ဆိုကုန်ကြသော အဘိုးအဘွားတို့ ၏
ဆုတောင်းမေတ္တာ တစ်ခု ရှိခဲ့ဖူးပါသည်။
၅) အစ်ကိုတစ်ယောက်၏ ညီမလေးတစ်ယောက်အပေါ် ထားရှိသော
သံယောဇဉ် တစ်ခု ရှိခဲ့ဖူးပါသည်။
၆) မောင်လေးတစ်ယောက်၏ အစ်မကြီးတစ်ယောက်အပေါ် အားကိုးသော
တွယ်တာမှု တစ်ခု ရှိခဲ့ဖူးပါသည်။
၇) အရွယ်မရောက်သေးသော ကလေးငယ်တစ်ယောက်၏
တောက်ပသော အနာဂတ် တစ်ခု ရှိခဲ့ဖူးပါသည်။
၈) ဘဝကို စာလုံးပေါင်းတတ်ရုံရှိသေးသည့် လူမမယ်
ကလေးတစ်ယောက်၏ ငိုကြွေးသံတစ်ခု ရှိခဲ့ဖူးပါသည်။
၉) အနှစ်နှစ် အလလ ပြုစု ပျိုးထောင်ခဲ့ရလေသော
မိသားစု ထမင်းဝိုင်း တစ်ခု ရှိခဲ့ဖူးပါသည်။
၁၀) သေဆုံးကွယ်လွန်ခဲ့လေပြီးသော မွေးချင်းများ၏
အမှတ်တရ တစ်ခု ရှိခဲ့ဖူးပါသည်။
၁၁) မမြင်ရပေမယ့် ယုံကြည်ရလေတဲ့ အိမ်စောင့်နတ်၏
စောင့်ရှောက်မှု တစ်ခု ရှိခဲ့ဖူးပါသည်။
၁၂) ခ,ဝပ်ခြင်းများစွာဖြင့် ရိုကျိုးဦးတွားရသော
အရှင့်အတွက် ဦးချစရာနေရာ တစ်ခု ရှိခဲ့ဖူးပါသည်။
အိမ်ဝေးသူ (KZ)
မှတ်ချက်။
မည်သို့ ပင်ဆိုစေကာမူ သင်စိုက်ပျိုးခဲ့သမျှ
သင်သာ ရိတ်သိမ်းရပေလိမ့်မည်။
အကြီးမားဆုံးသော မေတ္တာတရား တစ်ခု ရှိခဲ့ဖူးပါသည်။
၃) ဖခင်တစ်ဦး၏ မိသားစုအတွက် အနစ်နာခံ ပေးဆပ်နေသာ
မဆုံးနိုင်သော အိပ်မက်တစ်ခု ရှိခဲ့ဖူးပါသည်။
၎) သားအချစ် မြေးအနှစ်ဟု ဆိုကုန်ကြသော အဘိုးအဘွားတို့ ၏
ဆုတောင်းမေတ္တာ တစ်ခု ရှိခဲ့ဖူးပါသည်။
၅) အစ်ကိုတစ်ယောက်၏ ညီမလေးတစ်ယောက်အပေါ် ထားရှိသော
သံယောဇဉ် တစ်ခု ရှိခဲ့ဖူးပါသည်။
၆) မောင်လေးတစ်ယောက်၏ အစ်မကြီးတစ်ယောက်အပေါ် အားကိုးသော
တွယ်တာမှု တစ်ခု ရှိခဲ့ဖူးပါသည်။
၇) အရွယ်မရောက်သေးသော ကလေးငယ်တစ်ယောက်၏
တောက်ပသော အနာဂတ် တစ်ခု ရှိခဲ့ဖူးပါသည်။
၈) ဘဝကို စာလုံးပေါင်းတတ်ရုံရှိသေးသည့် လူမမယ်
ကလေးတစ်ယောက်၏ ငိုကြွေးသံတစ်ခု ရှိခဲ့ဖူးပါသည်။
၉) အနှစ်နှစ် အလလ ပြုစု ပျိုးထောင်ခဲ့ရလေသော
မိသားစု ထမင်းဝိုင်း တစ်ခု ရှိခဲ့ဖူးပါသည်။
၁၀) သေဆုံးကွယ်လွန်ခဲ့လေပြီးသော မွေးချင်းများ၏
အမှတ်တရ တစ်ခု ရှိခဲ့ဖူးပါသည်။
၁၁) မမြင်ရပေမယ့် ယုံကြည်ရလေတဲ့ အိမ်စောင့်နတ်၏
စောင့်ရှောက်မှု တစ်ခု ရှိခဲ့ဖူးပါသည်။
၁၂) ခ,ဝပ်ခြင်းများစွာဖြင့် ရိုကျိုးဦးတွားရသော
အရှင့်အတွက် ဦးချစရာနေရာ တစ်ခု ရှိခဲ့ဖူးပါသည်။
အိမ်ဝေးသူ (KZ)
မှတ်ချက်။
မည်သို့ ပင်ဆိုစေကာမူ သင်စိုက်ပျိုးခဲ့သမျှ
သင်သာ ရိတ်သိမ်းရပေလိမ့်မည်။
Monday, 25 March 2013
ငါတို့ .....
ကုလားတွေရဲ့ လက်တစ်ဆုပ်စာ အင်အားလေးနဲ့ 
အမိမြေကို...သန်မာစေခဲ့တယ်။
ငါတို့ ......
ကုလားတွေရဲ့ သန္နိဋ္ဌာန် တွေနဲ့ 
အမိမြေရဲ့ ...အနာဂတ်ကို ခိုင်မာစေခဲ့တယ်။
ငါတို့ ......
ကုလားတွေရဲ့ ရဲစွမ်းသတ္တိ တွေနဲ့ 
အမိမြေကို...ခေါင်းမော့စေခဲ့တယ်။
ကဲ.....အခု
ငါတို့ ကုလားတွေရဲ့ အသက် ၊သွေးတွေနဲ့ 
အမိမြေကြီးကို....ဘာများဖြစ်စေချင်ကြသေးသလဲ...?
အိမ်ဝေးသူ (KZ)
ကုလားတွေရဲ့ ရဲစွမ်းသတ္တိ တွေနဲ့ 
အမိမြေကို...ခေါင်းမော့စေခဲ့တယ်။
ကဲ.....အခု
ငါတို့ ကုလားတွေရဲ့ အသက် ၊သွေးတွေနဲ့ 
အမိမြေကြီးကို....ဘာများဖြစ်စေချင်ကြသေးသလဲ...?
အိမ်ဝေးသူ (KZ)
"ဝိညာဉ်တို့ ရဲ့ တောင့်တသံ"
အိမ်ရှေ့မှာ ရေအိုးစင်တည်တတ်တဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
တစ်ဖက်သားကို အားနာတတ်လွန်းတဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အနန္တောအနန္တငါးပါးကို ရိုသေကိုင်းရှိုင်းတဲ့
မြည်မာပြည်သား သူငယ်ချင်းတို့ ။
လူ.လူချင်း ရိုင်းပင်းစာနာတတ်တဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အဖန်ဖန်အခါခါ သွေးမြေခလွန်းလို့ 
မရှောင်နိုင် ငါတို့ တုန့် ပြန်မိတဲ့အခါ
တရားခြင်း...မတရားခြင်း ဆိုတာ
မင်းတို့ အတွက် ပဟေဠိ တစ်ခုမဟုတ်ပေမယ့်
ငါတို့အတွက်တော့
အသက်ဆက်စရာ ဖြေဆေးတစ်ခုပဲ။
မင်းတို့ ရဲ့ သမာသမတ်မှုတွေ နဲ့ မျှတမှုတွေကို
မှတ်ကျောက်တင်ဖို့ အတွက်
ငါတို့ ဘဝတွေကို ချနင်းခံပြီး
သမိုင်းပေးတာဝန်တစ်ရပ်က
မင်းတို့ ရှေ့ ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ
ကြိုက်ရာလမ်းကို မင်းတို့ ရွေးပေါ့။
မြန်မာဟေ့ဆိုပြီး
ကမ္ဘာချီအောင် ခမ်းနားမယ့်
မင်းတို့ ရဲ့ လူသားဆန်မယ့် ရပ်တည်မှုမျိုးကို
ငါတို့ ရဲ့ ဝိညာဉ်တွေက စောင့်ကြည့်နေလိမ့်မယ်။
အိမ်ဝေးသူ (KZ)
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အနန္တောအနန္တငါးပါးကို ရိုသေကိုင်းရှိုင်းတဲ့
မြည်မာပြည်သား သူငယ်ချင်းတို့ ။
လူ.လူချင်း ရိုင်းပင်းစာနာတတ်တဲ့
မြန်မာပြည်သား သူငယ်ချင်းတို့ ။
အဖန်ဖန်အခါခါ သွေးမြေခလွန်းလို့ 
မရှောင်နိုင် ငါတို့ တုန့် ပြန်မိတဲ့အခါ
တရားခြင်း...မတရားခြင်း ဆိုတာ
မင်းတို့ အတွက် ပဟေဠိ တစ်ခုမဟုတ်ပေမယ့်
ငါတို့အတွက်တော့
အသက်ဆက်စရာ ဖြေဆေးတစ်ခုပဲ။
မင်းတို့ ရဲ့ သမာသမတ်မှုတွေ နဲ့ မျှတမှုတွေကို
မှတ်ကျောက်တင်ဖို့ အတွက်
ငါတို့ ဘဝတွေကို ချနင်းခံပြီး
သမိုင်းပေးတာဝန်တစ်ရပ်က
မင်းတို့ ရှေ့ ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ
ကြိုက်ရာလမ်းကို မင်းတို့ ရွေးပေါ့။
မြန်မာဟေ့ဆိုပြီး
ကမ္ဘာချီအောင် ခမ်းနားမယ့်
မင်းတို့ ရဲ့ လူသားဆန်မယ့် ရပ်တည်မှုမျိုးကို
ငါတို့ ရဲ့ ဝိညာဉ်တွေက စောင့်ကြည့်နေလိမ့်မယ်။
အိမ်ဝေးသူ (KZ)
Thursday, 14 March 2013
"ခွင့်လွှတ်ခြင်း နှင့် အမှားဝန်ခံခြင်း"
လောကမှာ....
သိပ်ခက်လွန်းပေမယ့်
လုပ်ကောင်းတဲ့ အလုပ်နဲ့ 
လုပ်သင့်တဲ့အလုပ်ဆိုပြီး အလုပ် နှစ်ခု ရှိပါတယ်...။
------------------
ပထမလုပ်ကောင်းတဲ့ အလုပ်က
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ဝန်ခံရဲတဲ့ သတ္တိဖြစ်ပြီး
ဒုတိယ လုပ်သင့်တဲ့ အလုပ်ကတော့
သူတစ်ပါးက မှားယွင်းကြောင်း ဝန်ခံလာတဲ့အခါ
အဲဒီအမှားကို ခွင့်လွှတ်ပေးရဲတဲ့ သတ္တိ...။
------------------
အဲဒီ ခွင့်လွှတ်ခြင်းနဲ့ ဝန်ခံခြင်းနှစ်မျိုးစလုံးရှိတဲ့
လူတစ်ယောက်ရဲ့ နှလုံးအိမ်ဟာ
အေးမြပြီး...အသီးလှိုင်လှိုင်သီးတဲ့ ဥယျာဉ်တစ်ခုနဲ့ တူတယ်...။
------------------
ကိုယ်တိုင်လည်း
ခွင့်လွှတ်ခြင်းကို မမွေးမြူတတ်
ဝန်ခံရဲတဲ့ သတ္တိ လည်း မရှိသူရဲ့  နှလုံးအိမ်ကတော့
ပူလောင်ပြီးတော့..အဆိပ်ရှိတဲ့ အသီးတွေချည်းပဲ
ပိုင်ဆိုင်ခွင့်ရတဲ့....ဥယျာဉ်တစ်ခုနဲ့တူပါတယ်...။။။
------၀၀၀၀--------
အိမ်ဝေးသူ (KZ)
လုပ်ကောင်းတဲ့ အလုပ်နဲ့ 
လုပ်သင့်တဲ့အလုပ်ဆိုပြီး အလုပ် နှစ်ခု ရှိပါတယ်...။
------------------
ပထမလုပ်ကောင်းတဲ့ အလုပ်က
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ဝန်ခံရဲတဲ့ သတ္တိဖြစ်ပြီး
ဒုတိယ လုပ်သင့်တဲ့ အလုပ်ကတော့
သူတစ်ပါးက မှားယွင်းကြောင်း ဝန်ခံလာတဲ့အခါ
အဲဒီအမှားကို ခွင့်လွှတ်ပေးရဲတဲ့ သတ္တိ...။
------------------
အဲဒီ ခွင့်လွှတ်ခြင်းနဲ့ ဝန်ခံခြင်းနှစ်မျိုးစလုံးရှိတဲ့
လူတစ်ယောက်ရဲ့ နှလုံးအိမ်ဟာ
အေးမြပြီး...အသီးလှိုင်လှိုင်သီးတဲ့ ဥယျာဉ်တစ်ခုနဲ့ တူတယ်...။
------------------
ကိုယ်တိုင်လည်း
ခွင့်လွှတ်ခြင်းကို မမွေးမြူတတ်
ဝန်ခံရဲတဲ့ သတ္တိ လည်း မရှိသူရဲ့  နှလုံးအိမ်ကတော့
ပူလောင်ပြီးတော့..အဆိပ်ရှိတဲ့ အသီးတွေချည်းပဲ
ပိုင်ဆိုင်ခွင့်ရတဲ့....ဥယျာဉ်တစ်ခုနဲ့တူပါတယ်...။။။
------၀၀၀၀--------
အိမ်ဝေးသူ (KZ)
Wednesday, 13 March 2013
ကျေးဇူးတင်ရှိခြင်း
"လာအိလားဟ အိလ္လလ္လားဟ်" လို့ 
ဂုဏ်ယူဝင့်ကြွားစွာ ရွတ်ဆိုခွင့်ရတဲ့ အတွက်
မုအ်မင်န် တစ်ယောက်အနေနဲ့ အသျှင့်ကို... ရှူကူရ် လုပ်ပါရစေ။
အမွန်မြတ်ဆုံး အွမ္မသ်သီ တစ်ယောက်အနေနဲ့ 
မှန်ကန်မြတ်နိုးစွာ ရပ်တည်ခွင့်ရတဲ့အတွက်
နှစ်ဘဝသခင် တမန်တော်မြတ်ကို...ကျေးဇူးတင်ပါရစေ။
ပြန်လည် မျှဝေပေးနိုင်တဲ့ မေတ္တာတရား အတွက်
မေ့မေ့ကို...ကျေးဇူးတင်ပါရစေ။
လောကဓံကို
ဒူးမထောက်တမ်း ရင်ဆိုင်နိုင်တဲ့ခွန်အားတွေ အတွက်
ဖေ့ဖေ့ကို...ကျေးဇူးတင်ပါရစေ။
အသိပညာ ဆိုတဲ့ မိုးကောင်းကင်အောက်မှာ
မားမားမတ်မတ် ရပ်တည်ခွင့်ရခဲ့တဲ့အတွက်
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ နဲ့ တကွ
ဆရာအားလုံးကို...ကျေးဇူးတင်ပါရေစေ။
ကမ္ဘာမှာ မြန်မာဟေ့လို့ ဘတစ်လျှောက်လုံး
ရောက်လေရာအရပ်မှာ ဟစ်ကြွေးခွင့်ရခဲ့တဲ့အတွက်
အမိမြန်မာနိုင်ငံတော်ကြီးကို...ဝမ်းခေါင်သံကြီးနဲ့ ကျေးဇူးတင်ပါရစေ။
နွေးထွေးခြင်း၊ ယုံကြည်ခြင်း၊ ပွင့်လင်းခြင်း ၊စည်းလုံးခြင်း၊
လျစ်လျူရှူခြင်း၊ ဂရုစိုက်ခြင်း ၊အနစ်နာခံခြင်း၊ အကျိုးလိုလားခြင်း
ဝေါဟာရတွေရဲ့ အနက်အဓိပ္ပါယ်ကို တည်ဆောက်ခွင့်ရခဲ့တဲ့အတွက်
(မွေးချင်းများနဲ့ တကွ )
သူငယ်ချင်းအားလုံးကို...တစ်လေးတစား ကျေးဇူးတင်ပါရစေ။
ချစ်ခြင်းမေတ္တာ ဆိုတဲ့ ရတနာ တစ်ပါးကို
နှလုံးသားနဲ့ ရင်းပြီး သင်ကြားခဲ့ပေးတဲ့အတွက်
တစ်ခါတုန်းက ကောင်မလေးရေ
မင်းကိုလည်း... လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါရစေ။
ငါ....ဆိုတဲ့အတ္တသေးသေးလေးနဲ့ ဘဝဆိုတာကြီးကို
ရောင့်ရောင့်ရဲရဲ၊ ရိုးရိုးသားသား၊ မိုက်မိုက်မဲမဲ
ကျားကုတ်ကျားခဲ၊ သာတစ်လှည့် နာတစ်ခါ ရင်ဆိုင်နိုင်ခဲ့တဲ့
ပြီးတော့...
ရင်ဆိုင်နေသေးတဲ့
(ငါ) ဆိုတာကြီးကိုလည်း...အထူးတလည် ကျေးဇူးတင်ပါရစေ။
---------------------
အိမ်ဝေးသူ (KZ)
Wednesday, 6 March 2013
Subscribe to:
Posts (Atom)