Friday, 8 November 2013

မေမေ !!!



လက်လွှတ်သင့်တာကို
နောင်တ မရစတမ်း
လက်လွှတ်ပြီး
ဆုပ်ကိုင်သင့်တဲ့ အရာတွေကိုလည်း
မလွတ်စတမ်း
ကျွန်တော် ဆုပ်ကိုင်တတ်နေပါပြီ
မေမေ။

အောင်မြင်ကျော်ကြားမှုကို
မေမေ့ ချွေးစိုခံ
အဝတ်စလေးလောက်
တန်ဖိုးမထားတတ်တဲ့ ကျွန်တော်
ခုတော့
မေမေ အမြင်ချင်ခဲ့ဆုံး
မေမေ တန်ဖိုးအထားခဲ့ဆုံး
တစ်စုံတရာကို
တစ်ရက်တာ အခမ်းအနားတစ်ခုမှာ
မေမေ ကျေနပ်မယ့်
မျက်နှာပေးနဲ့ 
ကျွန်တော်
ပျော်တစ်ဝက် ငိုတစ်ဝက်
ကျင်းပ ရဦးမယ် မေမေ။

ရေနည်းငါးတစ်ကောင်ရဲ့ 
အောင်မြင်မှု ပါးဟက်ခတ်သံကို
ကျေးဇူးပြုပြီး
တမလွန်ဘဝက
နားထောင်နေပေးပါ မေမေ။

မေမေ့ သားကြီး ( အိမ် )

No comments:

Post a Comment