အဖြူက အဖြူကိုယှက်နွယ်
အဖြူကို အဖြူဆင့်လေတော့
ငါတို့ကမ္ဘာလေးက ဖြူစင်ခြင်းအတိ။
လူတွေကို
စရိုက်တွေနဲ့ အရောင်ဆင်တတ်ကြတယ်
အရောင်တွေကို
အနုအရင့်တွေနဲ့ အမွှန်းတင်တတ်ကြတယ်
ရင်းနှီးကျွမ်းဝင်မှုကို
ဖြူစင်ခြင်းတွေနဲ့ ငါတို့ အလှဆင်ကြမယ်။
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အနံ့မရှိဘူးလို့?
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အဆင်းမရှိဘူးလို့?
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အရသာမရှိဘူးလို့?။
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း ရနံ့တွေ မွှေးပျံ့လို့
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း ဝတ်စုံနဲ့ လှပလို့
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း အရသာတွေ ထုံမွှမ်းလို့။
အဖြူရောင်မှာ ဒေါသ မမြဲဘူး
အဖြူရောင်မှာ လောဘ မပါဘူး
အဖြူရောင်မှာ မာန မရှိဘူး
အဖြူရောင်မှာ ဝန်တိုမှု မလိုဘူး။
အဖြူကို အဖြူဆောင်းလို့
နားလည်မှုတို့ ထပ်တူကျသမျှ
အနေတွေ ဘယ်လောက်ဝေးဝေး
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါတို့....စိတ်နီးနားချင်းတွေ ဖြစ်ခဲ့ကြတယ်။
***************************
အိမ်ဝေးသူ (KZ)
***************************
မှတ်ချက်။
ကဗျာနှင့် တွဲထားသော (ပုံ) အဖြူ ကို အဖြူဘောင်ကွပ်ထားပြီး
အဖြူရောင် မင်ဖြင့် ရေးသားထားသော ခင်မင်မှုစာသားများကို ခံစားရန်
မျက်မှန်တစ်လက် မလိုသော်လည်း အဖြူရောင် နှလုံးသားတစ်ခုတော့
မှတ်မှတ်ရရ လိုပါလိမ့်မည်။
ငါတို့ကမ္ဘာလေးက ဖြူစင်ခြင်းအတိ။
လူတွေကို
စရိုက်တွေနဲ့ အရောင်ဆင်တတ်ကြတယ်
အရောင်တွေကို
အနုအရင့်တွေနဲ့ အမွှန်းတင်တတ်ကြတယ်
ရင်းနှီးကျွမ်းဝင်မှုကို
ဖြူစင်ခြင်းတွေနဲ့ ငါတို့ အလှဆင်ကြမယ်။
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အနံ့မရှိဘူးလို့?
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အဆင်းမရှိဘူးလို့?
ဘယ်သူက ပြောပါသလဲ
အဖြူရောင်မှာ အရသာမရှိဘူးလို့?။
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း ရနံ့တွေ မွှေးပျံ့လို့
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း ဝတ်စုံနဲ့ လှပလို့
ငါတို့သိတဲ့ အဖြူရောင်က
ဖြူစင်ခြင်း အရသာတွေ ထုံမွှမ်းလို့။
အဖြူရောင်မှာ ဒေါသ မမြဲဘူး
အဖြူရောင်မှာ လောဘ မပါဘူး
အဖြူရောင်မှာ မာန မရှိဘူး
အဖြူရောင်မှာ ဝန်တိုမှု မလိုဘူး။
အဖြူကို အဖြူဆောင်းလို့
နားလည်မှုတို့ ထပ်တူကျသမျှ
အနေတွေ ဘယ်လောက်ဝေးဝေး
သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ငါတို့....စိတ်နီးနားချင်းတွေ ဖြစ်ခဲ့ကြတယ်။
***************************
အိမ်ဝေးသူ (KZ)
***************************
မှတ်ချက်။
ကဗျာနှင့် တွဲထားသော (ပုံ) အဖြူ ကို အဖြူဘောင်ကွပ်ထားပြီး
အဖြူရောင် မင်ဖြင့် ရေးသားထားသော ခင်မင်မှုစာသားများကို ခံစားရန်
မျက်မှန်တစ်လက် မလိုသော်လည်း အဖြူရောင် နှလုံးသားတစ်ခုတော့
မှတ်မှတ်ရရ လိုပါလိမ့်မည်။
No comments:
Post a Comment