မောင်(၁) နှင့် မောင် (၂) တို့ ပြသနာ တက်နေကြသည်။
အချင်းများသည့် အကြောင်းအရာကမူ ရိုးစင်းလှသည်။ သို့သော် အရှင်းဆုံးအကြောင်းအရာက
အရှုပ်ထွေးဆုံး အဖြစ်သို့ သယ်ဆောင်သွားသည်။ ဖြစ်ပျက်ပုံ အလုံးစုံကား ဤသို့တည်း။
မောင်(၁) ။ ။ ငါ မင်းကို ဘာများ လုပ်မိလို့ လဲကွာ။ (၁) ဆိုတဲ့ ငါ့နေရာမှာ ငါ ငြိမ်ငြိမ်လေး
နေ,နေတာပဲလေကွာ။
မောင်(၂) ။ ။ မင်း အဲ့လို ငြိမ်ငြိမ်လေး ငါ့ ရှေ့ မှာ ကာဆီး၊ကာဆီး လုပ်နေတာကိုက
ငါ့ကို ဒုက္ခပေးနေတာပဲကွ။ မင်းက အမြဲတမ်း ငါ့ရှေ့ ရောက်နေတာ ငါ လုံးဝ
မကျေနပ်ဘူးကွာ။
မောင်(၁) ။ ။ ဟာကွာ၊ သူငယ်ချင်းရာ မင်းအဲလို မထင်ပါနဲ့ ကွာ။ ကိန်းဂဏန်းတိုင်းမှာ
သူ့ တန်ဖိုးနဲ့ သူ ရှိပြီးသားပါ။ လူသားတွေ တွက်ချက်လို့ ရအောင် ငါတို့တတွေဟာ
အမြဲတမ်း ကူညီနေကြတာပါ။ ငါတို့ ကိန်းဂဏန်းတွေမှာ သာခြင်း၊ နာခြင်း မရှိကြပါဘူး။
ကိုယ့်နေရာနဲ့ ကိုယ့်တာဝန်ကို တိတိကျကျ ယူပြီး လိုက်နာဖို့ က အဓိကပါကွာ။
မောင်(၂) ။ ။ မင်းငါ့ကို လေပြည်အေး တရားတွေ လာဟောမနေနဲ့ ။ ငါ (တစ်) ဖြစ်ချင်တယ်။
မင်းနဲ့ငါ နေရာချင်း လဲမလား?
မောင်(၁) ။ ။ နေရာချင်းလဲတာတော့ မဖြစ်နိုင်တော့ဘူးကွ။ ဒါပေမယ့် မောင် (၂) ရာ ...
မင်းရဲ့ အလှတရားကို မင်း မြင်အောင်ကြည့်တတ်စမ်းပါကွာ။
မြင်အောင်ကြည့်ဖြစ်သွားရင် (၂) နေရာမှာ နေရတာကို ကျေနပ်သွားမှာပါ။
မောင်(၂) ။ ။ ဟေ့ကောင် ! ဘာအလှတရားမှ ကြည့်စရာ မလိုဘူး...
ဘာမှကြီးကြီးကျယ်ကျယ်တွေ လျှောက်မပြောနဲ့ ကွ။
မောင်(၁) ။ ။ မင်းအလှတရားကို မင်းမမြင်ရင် ငါရှင်းပြမယ်။ မင်းက ငါ့ကို တော်တော်
အထင်ကြီးနေတာကိုးကွ။ ငါ့ဒုက္ခကို မင်းမသိလို့ပါ။ တစ်ဆ နဲ့ နှစ်ဆ ဆိုတာကို
မင်းနားလည်ရဲ့ လား။ အပြတ်အသတ် ကွာတယ်ကွ။ ငါနဲ့ ကိန်းဂဏန်းတစ်ခု
လာပေါင်းရင် တစ်ပဲ တိုးခွင့် ရှိတယ် ( ၅ + ၁ = ၆)။ ပြီးတော့ ငါနဲ့ ကိန်းဂဏန်း
တစ်ခုခုက လာမြှောက်တဲ့အခါ အဲဒီကိန်းဂဏန်းပဲ ပြန်ရတယ်။
ငါဆိုတာ လုံးဝ မရှိတော့သလို ခံစားရတယ်။ ( ၅ x ၁ = ၅ )။
အဲလို ဖြစ်တိုင်း ငါဟာ အလကားကောင်လို့ တောင် ခံစားချင် ခံစားလို့ ရတယ်ကွ။
ငါ့ကို ကိန်းဂဏန်းတစ်ခုက လာ စားသည် ဖြစ်စေ၊ နှုတ်သည် ဖြစ်စေ ကွာဟ မှုက
တစ်ပဲ ရကြတယ်။
မောင်(၂) ။ ။ ဒါဆို ငါ့ကျတော့ရော။
မောင်(၁) ။ ။ မင်းကျတော့ နေရာတိုင်းမှာ နှစ်ဆပဲ။ အထူးသဖြင့် စီးပွားရေးသမားတွေ
မင်းကို သိပ်စိတ်ဝင်စားကြတယ်။ မင်းနဲ့ လာပေါင်းတဲ့ ကိန်းဂဏန်းက နှစ်တောင်
တိုးပွားခွင့် ရသွားကြတယ်။ ( ၅ + ၂ = ၇)။ ပြီးတော့ ငါ့ကို လာမြှောက်တုန်းကလို
အရာမဝင်တာမျိုး မဟုတ်တော့ဘူး။ မင်းကို လာထိတာနဲ့ နှစ်ဆပဲကွ။
မူလ တန်ဖိုးကို မင်းက နှစ်ဆ ဖြစ်အောင် ဟပ်ချလောင်းဆိုပြီး လုပ်နိုင်ခွင့် ရှိတယ်
သူငယ်ချင်းရ။ ( ၅ x ၂ = ၁၀ )။ အဲလိုပဲ မင်းကို ကိန်းဂဏန်းတစ်ခုက
လာစားသည် ဖြစ်စေ၊ နှုတ်သည် ဖြစ်စေ ခြားနားမှုက အမြဲတမ်း နှစ်ဆပဲကွ။
ကြည့်စမ်း..မင်းရဲ့ ဖြစ်တည်မှုက ဘယ်လောက် တန်ဖိုးကြီးလိုက်သလဲ။
အဲဒီတော့ မင်းအရှေ့မှာ ငါနေရရုံလေးနဲ့ ငါဟာ မင်းတက်လမ်းကို ပိတ်ထားတယ်၊
မင်းထက်သာတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲကွာ။
ငါတို့ လက်တွဲပြီး ရပ်တည်ကြတာပေါ့ သူငယ်ချင်းရာ။
မောင်(၂) ။ ။ မင်းက ပြောအား ရှိတာပေါ့။ မင်းအရှေ့မှာ နေတဲ့ကောင်က အလုပ်မဖြစ်တဲ့ကောင်
သုည ဆိုတော့။ ဟားဟား။
မောင်(၁) ။ ။ မဟုတ်သေးဘူးကွ။ သူလည်း သူတန်ဖိုးနဲ့ သူ အလုပ်ဖြစ်နေတာပဲလေ။
အလုပ်မဖြစ်ဘူးလို့ တော့ မပြောနဲ့ကွ။ မင်းစဉ်းစား ကြည့်စမ်းပါ။
ကဗျာဆရာတွေ၊ အတွေးအခေါ်ပညာရှင်တွေဆို ငါ့ကို သတိတောင် မရကြဘူး။
ငါ့အရှေ့က (သုည)ကိုပဲ တင်စားခေါ်ဆိုကြတာ။ မင်းခိုက်စိုးစန်တောင် (သုည) ဆိုပြီး
စာအုပ်ထုတ်ထားသေးတယ်။ ဒါပေမယ့် ငါ ဘယ်တုန်းကမှ ဝမ်းမနည်းဘူး။
ငါ့နေရာမှာ ငါတိတိကျကျ ရပ်တည်တယ်။
မောင် (၁) က မောင် (၁) အနေနဲ့ ရပ်တည်တယ်။ မောင်( ၂) လိုလို မောင် (၃) လိုလို၊
မောင်သုည လိုလို ငါဘယ်တော့မှ မလုပ်ဘူး။ တကယ်ဆို (၀-၁-၂-၃-၄-၅-၆-၇-၈-၉)
ဆိုတဲ့ ငါတို့ တတွေဟာ ညီတူမျှတူ လူ့လောက အကျိုးကို ဆောင်နေကြတာပါကွာ။
မောင်(၂) ။ ။ မင်းပြောလို့ ပြီးပြီလားကွ။ ဒါပေမယ့် မင်းက ငါ့ရှေ့မှာ ရောက်နေတဲ့အတွက်....
ငါ့ဘဝတက်လမ်းကို ပိတ်ထားတဲ့ အတွက် ငါ...မင်းကို မုန်းတယ်။
ကိန်းဂဏန်း အဖြစ်ကနေ ငါ ကြွေကျတဲ့ နောက်ဆုံးနေ့ အထိ
ငါ...မင်းကို မုန်းနေမယ်။
မောင်(၁) ။ ။ ကျေးဇူးပဲ သူငယ်ချင်း။
ကိုယ့်အလှတရားကို ကိုယ်မြင်နိုင်စွမ်းမရှိတဲ့ မင်းကို၊ ဖျောင်းဖျလို့မရတဲ့မင်းကို
ငါ...လစ်လျူရှုလိုက်ပါပြီ။ ဒါပေမယ့်ကွာ...တစ်ခါတရံမှာ အမုန်းဆိုတာ
သတိရနေခြင်း တစ်မျိုးပဲလို့ ငါ ခံယူထားတဲ့အတွက် မင်း...ငါ့ကို မုန်းနေတာဟာ
ငါ့ဖြစ်တည်မှုကို အသိအမှတ်ပြုတာ၊ ငါ့ကို သတိတယ ရှိနေတာလို့ 
ငါသိလိုက်ရတဲ့ အတွက်...ငါ ဝမ်းသာတယ်ကွာ။
မောင်(၂) ။ ။ တောက်။ မင်းနဲ့ ငါ တွေ့ ကြသေးတာပေါ့။
မောင်(၁) ။ ။ မပူပါနဲ့ သူငယ်ချင်းရာ။
မင်းနဲ့ ငါက ကမ္ဘာလောကကြီး တည်မြဲနေသေးသရွေ၊
ကိန်းကဏန်းတွေ တည်မြဲနေသေးသရွေ့ ၊
လူသားတွေ အတွက်အချက် လုပ်နေသေးသရွေ့
အမြဲတမ်း ကပ်လျက် အနေအထားနဲ့ပါကွာ။ (မုန်းသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ)
ထိုနေ့မှ စပြီး မောင် (၁) နှင့် မောင် (၂) သည် ဘေးချင်းကပ်လျက် အနေအထား ရှိသော်လည်း
စကားပြောဆိုခြင်း မရှိတော့။ မောင် (၁) သည် မောင် (၂) ဘက်သို့ လှည့်လည်ပြီး စကားစမြည်
ပြောဆိုလိုသော်လည်း မောင် (၂) က ခက်ထန်မာကျောသော မျက်နှာထားဖြင့် သူ့နောက်ကျောကို
စိုက်ကြည့်နေသောကြောင့် မောင် (၂) ဘက်သို့ လှည့်ခွင့် မရရှာဘဲ မောင်သုည (၀/zero)
ဘက်သို့သာ အမြဲတမ်းအတွက် မျက်နှာမူ ထားရရှာလေသည်။
အိမ်ဝေးသူ (KZ)
Thursday, 26 September 2013
Sunday, 22 September 2013
လေးစားမှု (Respect) တိုင်း၌ တန်ပြန်လေးစားမှု ရှိသည်
လေးစားမှု ဟူသည် အဘယ်နည်း ?
သူတစ်ပါးကို လေးစားခြင်းသည် ကောင်းမြတ်၏
မိမိကိုယ်ကို လေးစားခြင်းသည် ပို၍ ကောင်းမြတ်၏
ထို့အတူ
သူတစ်ပါးအား လေးစားတတ်ရန်မှာ ခက်ခဲ၏
မိမိကိုယ်ကို လေးစားတတ်ရန်မှာ ပို၍ ခက်ခဲ၏
အနှစ်ချုပ်လိုက်သော်
မိမိကိုယ်ကို လေးစားတတ်သူသည် သူတစ်ပါးအား လေးစားတတ်၏"
အိမ်ဝေးသူ (KZ)
ကမ္ဘာကျော်အောက်စဖို့ဒ် (Oxford) အဘိဓာန်ကြီးက "လေးစားမှု ဟူသည်မှာ တစ်စုံတစ်ဦး၊
သို့ မဟုတ် တစ်စုံတရာ၏ စွမ်းပကား၊ အရည်အချင်း၊ အောင်မြင်ဖြစ်ထွန်းမှု အစရှိသည်တို့အား
ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားအားကျ အတုယူခံစားတတ်ခြင်း"ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပေသည်။
လေးစားမှုဟူသည့် ဝေါဟာရ နောက်တွင် ကပ်လျက် လိုက်ပါမည်မှာ ဘာကြောင့် ( Why ) ဖြစ်ပေသည်။
ဥပမာအားဖြင့်...
ဦးမှန်ကန် ဆိုသော တရားသူကြီးတစ်ဦးသည် သူ့အလုပ်သဘောအရ အခ ကြေးငွေ ယူပြီး
တရားစီရင်မှုများ လုပ်ဆောင်သည်ဆိုပါက ဤကိစ္စသည် သာမန်သာ ဖြစ်သည်။ သို့သော်
ဦးမှန်ကန်သည် အခကြေးငွေကို ( ယူသင့်သလောက်သာယူပြီး ) တရားစီရင်မှုများကိုလည်း
( သမာသမတ်ကျစွာ) လုပ်ဆောင်သည်ဟု ဆိုပါက ကျွန်တော် သူ့ကို အထိုက်အလျောက်
လေးစားမည်ဖြစ်သည်။ထိုမှတဆင့် သူသည် ဆင်းရဲနိမ့်ပါးသူများ၊ မတရား ညှင်းပန်းနှိပ်စက်ခံရသူများ
အစရှိသူတို့ကို ( အခကြေးငွေ အဓိကမထားဘဲ) တရားမျှတမှု အတွက် ဆောင်ရွက်ပေးသည်ဆိုပါက
ကျွန်တော့်လေးစားမှု တစ်ဆင့်တိုးပေလိမ့်ဦးမည်။ အကယ်၍သာ ထိုဦးမှန်ကန်သည်
သမာသမတ်လည်းကျသည်၊ လူတစ်ဖက်သားကို ငွေအဓိက မထားဘဲ ကူညီသည်။ ထိုမျှမက သူသည်
အသက်အရွယ်ကြီးရင့်ပြီး အိုမင်းမစွမ်းဖြစ်နေသော မိခင်အား လုပ်ကျွေးနေသော သားလိမ္မာတစ်ဦး
ဖြစ်နေပါက ကျွန်တော့် လေးစားမှုက ဆိုဖွယ်ရာ မရှိတော့။ ဤအကြောင်းအရာမှာ ကျွန်တော်
ဥာဏ်မှီသလောက် အရိုးရှင်းဆုံး ဥပမာလေး တစ်ခု ထုတ်ပြခြင်းဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း
လေးစားမှုတိုင်းမှာ အကြောင်းပြချက် တစ်ခု အမြဲ လိုက်ပါတတ်ပေသည်။
အကြောင်းမဲ့ လေးစားခြင်းတော့ မရှိတန်ပါ။
ထိုမျှမက လူတို့ သည် သူတို့ ဖြတ်သန်းခဲ့သည့် ဘဝအတွေ့ အကြုံကို အခြေခံ၍လည်း
( မှားယွင်းစွာ လေးစား ) တတ်ကြပြန်သည်။ ဥပမာ ငွေကို ချို့ တဲ့စွာ သုံးစွဲခဲ့ရသူ တစ်ဦးသည်
ငွေကြေး ချမ်းသာသူ တစ်ဦးနှင့် ကြုံရသောအခါ (ငွေကြေးတစ်ခုတည်းကို အခြေခံပြီး) ပုံပြီး
လေးစားလိုက်ခြင်းမျိုးဖြစ်သည်။ ကျောင်းပညာကို လုံးဝ မသင်ခဲ့ရသူတစ်ဦးသည်
(လက်တွေ့လိုက်နာခြင်း မရှိသူ(ဝါ) ပညာရှိမဟုတ်သော ပညာသိသက်သက် ) လူအများ အမြင်
ပညာတတ်ကြီး တစ်ဦးနှင့် မိတ်ဆွေ ဖြစ်သော အခါ၌ အလွန်တရာ အထင်ကြီးခြင်းမျိုး ဖြစ်သည်။
အလွန်ချမ်းသာ ကြွယ်ဝသော သူဋ္ဌေးကြီးတစ်ဦးအနေနှင့်လည်း လက်လုပ်လက်စား လူငယ်တစ်ဦးကို
လေးစားသင့်သည်။ (ငွေကြေးကြောင့် လေးစားမှု မပျောက်ရှသင့်)။
နိုင်ငံတော် အကြီးအကဲ တစ်ဦးအနေနှင့်လည်း လက်အောက်ငယ်သား စာရေးတစ်ဦးကို
လေးစားသင့်သည်။ (ရာထူးကြောင့် လေးစားမှု မပျောက်ရှသင့်)။
ထိုနည်းတူစွာ အသက်အရွယ် ကွာခြားမှုများကြောင့်၊ အဆင့်အတန်း မတူမှုများကြောင့်လည်း
လေးစားမှု မပျောက်ရှသင့်ပေ။
နားလည်မှုဟူသော ဝေါဟာရ တွင် အပြန်အလှန်၏ အရေးပါပုံကို ကျွန်တော် ပြောခဲ့ဖူးသည်။
လေးစားမှုဟူသည်မှာလည်း ဤသဘောတရား အတိုင်းသာ ဖြစ်သည်။ အခြားသူကို လေးစားမှု
(ပေးရမည်၊ပြရမည်) ဖြစ်ပြီး အပြန်အလှန်အားဖြင့် အခြားသူထံမှ ထိုက်သင့်သော လေးစားမှုကိုလည်း
မိမိက (လက်ခံရရှိမည်) ဖြစ်သည်။ ယခုအခါ လေးစားမှုကို နှစ်လမ်းသွားမှန်း သိသူနည်းပါး
လာခဲ့ပြီဖြစ်သည်။ တစ်လမ်းသွားလမ်းကဲ့သို့ သဘောထား၍ မိမိကိုသာ တစ်လောကလုံးက
ဦးညွတ်စေချင်ကြသည်၊ အသားလွတ် လေးစားစေချင်ကြသည်။ လူတစ်ဖက်သားက
မိမိကိုလေးစားစေချင်ပါက မိမိအနေနှင့် ကောင်းမွန်သော စိတ်ဓာတ်အခြေခံဖြင့် တစ်ဖြည်းဖြည်း
ကြိုးစားတည်ဆောက်ယူရမည်ဖြစ်သည်။
ယခုအခါ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဟန်ဆောင်လေးစားမှုဟူသော ယဉ်ကျေးမှု အသစ်ကြီးတစ်ခု
ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလျက်ရှိသည်။ ငွေကြေးချမ်းသာသူ၊ ပညာတတ်သူ၊ ဂုဏ်ကြီးမြတ်သူ၊
အာဏာရှိသူ အစရှိသဖြင့် အထိုထိုသော လူအမျိုးအမျိုးတို့အား ဟန်ဆောင်လေးစားပြပြီး
အရူးဘုံမြှောက်သကဲ့သို့ သာပေါင်းညာစားနေသော လူ့ကပ်ပါးများ အများအပြား
ပေါ်ပေါက်လျက် ရှိချေသည်။ ထိုသူများအနေဖြင့် သတိထားရမည်မှာ တစ်စုံတစ်ဦးက
သင့်အား အလွန်အမင်း လေးစားနေပြီဆိုပါက ထိုသူ လေးစားသည့်အတိုင်း မိမိမှာ
အရည်အချင်း တကယ်ရှိနေသလား၊ မိမိနှင့် ကိုက်ညီနေပါသလား
ဆိုတာကို ပထမဦးစွာ သုံးသပ် သင့်ပေသည်။ ထိုသို့ မဟုတ်ခဲ့ပါက သင့်အနေနှင့် သတိထားဖို့ 
လိုနေပြီဖြစ်သည်။
ဤလောက၌ သူတစ်ပါးကို ဟန်ဆောင်၍ဖြစ်စေ၊ အမှန်တကယ်ဖြစ်စေ လေးစားပြရသည်မှာ
လွယ်ကူလွန်းပါသည်။ သို့သော် မိမိကိုယ်ကို တကယ်လေးစားဖို့ဝေးစွ၊ ဟန်ဆောင်လေးစားရမည်ကိုမူ
လူအများတို့ ကြောက်ရွံ့ကြသည်။ မိမိကိုယ်ကို လေးစားတတ်ခြင်းသည် သူတစ်ပါးကို
လေးစားတတ်ခြင်းထက် သာမြတ်သည်ဟု ကျွန်တော် ယူဆမိသည်။
နိဂုံးချုပ်အနေဖြင့် အကြံပေးလိုသည်မှာ (မှားလျှင်ပယ်ပါ)
ပထမအဆင့် အနေဖြင့် မိမိကိုယ်ကျင့်တရားကို အခြေအနေတစ်ခု အထိရောက်အောင်
တည်ဆောက်ယူပါ။
ပြီးလျှင် မိမိကိုယ်ကျင့်တရားကို အခြေခံပြီး မိမိကိုယ်ကို ဟန်ဆောင်လေးစားကြည့်ပါ။
အဆင်ပြေပြီဆိုလျှင် မိမိကိုယ်ကို တကယ်လေးစားစွာ၊ ဆက်ဆံပါ။
မိမိကိုယ်ကိုမိမိ လေးစားတတ်လာပြီဆိုလျှင် သူတစ်ပါးကို တကယ့်
လှိုက်လှိုက်လှဲလှဲလေးစားတတ်လာပါလိမ့်မည်။
သူတစ်ပါး၏ လေးစားစရာ အချက်အလက်များကို အလွယ်တကူ မြင်တတ်လာပါလိမ့်မည်။
အပြန်အလှန်လေးစားမှုတို့ တည်မြဲလာပါက သက်ရှိအချင်းချင်း ကူးလူးဆက်ဆံရာ၌
ယုံကြည်မှုတို့ တိုးပွားပေလိမ့်မည်။
အိမ်ဝေးသူ (KZ)
---------------------------------------------------------------------------------
မှတ်ချက်။
ပြည့်စုံမှု အားနည်းလှသေးသော ဤ ပို့စ်ပါ အကြောင်းအရာအား မတူညီသော အမြင်များ၊
အယူအဆများဖြင့် ဝိုင်းဝန်း ဖြည့်စွက်ပေးကြမည်ဆိုပါက အတိုင်းမသိ ဝမ်းမြောက်မိမည်
ဖြစ်ပါကြောင်း။
"လေးစားမှု (Respect) တိုင်း၌ တန်ပြန်လေးစားမှု ရှိသည်"
လေးစားမှု ဟူသည် အဘယ်နည်း ?
သူတစ်ပါးကို လေးစားခြင်းသည် ကောင်းမြတ်၏
မိမိကိုယ်ကို လေးစားခြင်းသည် ပို၍ ကောင်းမြတ်၏
ထို့အတူ
သူတစ်ပါးအား လေးစားတတ်ရန်မှာ ခက်ခဲ၏
မိမိကိုယ်ကို လေးစားတတ်ရန်မှာ ပို၍ ခက်ခဲ၏
အနှစ်ချုပ်လိုက်သော်
မိမိကိုယ်ကို လေးစားတတ်သူသည် သူတစ်ပါးအား လေးစားတတ်၏"
အိမ်ဝေးသူ (KZ)
ကမ္ဘာကျော်အောက်စဖို့ဒ် (Oxford) အဘိဓာန်ကြီးက "လေးစားမှု ဟူသည်မှာ တစ်စုံတစ်ဦး၊
သို့ မဟုတ် တစ်စုံတရာ၏ စွမ်းပကား၊ အရည်အချင်း၊ အောင်မြင်ဖြစ်ထွန်းမှု အစရှိသည်တို့အား
ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားအားကျ အတုယူခံစားတတ်ခြင်း"ဟု အဓိပ္ပါယ် ဖွင့်ဆိုထားပေသည်။
လေးစားမှုဟူသည့် ဝေါဟာရ နောက်တွင် ကပ်လျက် လိုက်ပါမည်မှာ ဘာကြောင့် ( Why ) ဖြစ်ပေသည်။
ဥပမာအားဖြင့်...
ဦးမှန်ကန် ဆိုသော တရားသူကြီးတစ်ဦးသည် သူ့အလုပ်သဘောအရ အခ ကြေးငွေ ယူပြီး
တရားစီရင်မှုများ လုပ်ဆောင်သည်ဆိုပါက ဤကိစ္စသည် သာမန်သာ ဖြစ်သည်။ သို့သော်
ဦးမှန်ကန်သည် အခကြေးငွေကို ( ယူသင့်သလောက်သာယူပြီး ) တရားစီရင်မှုများကိုလည်း
( သမာသမတ်ကျစွာ) လုပ်ဆောင်သည်ဟု ဆိုပါက ကျွန်တော် သူ့ကို အထိုက်အလျောက်
လေးစားမည်ဖြစ်သည်။ထိုမှတဆင့် သူသည် ဆင်းရဲနိမ့်ပါးသူများ၊ မတရား ညှင်းပန်းနှိပ်စက်ခံရသူများ
အစရှိသူတို့ကို ( အခကြေးငွေ အဓိကမထားဘဲ) တရားမျှတမှု အတွက် ဆောင်ရွက်ပေးသည်ဆိုပါက
ကျွန်တော့်လေးစားမှု တစ်ဆင့်တိုးပေလိမ့်ဦးမည်။ အကယ်၍သာ ထိုဦးမှန်ကန်သည်
သမာသမတ်လည်းကျသည်၊ လူတစ်ဖက်သားကို ငွေအဓိက မထားဘဲ ကူညီသည်။ ထိုမျှမက သူသည်
အသက်အရွယ်ကြီးရင့်ပြီး အိုမင်းမစွမ်းဖြစ်နေသော မိခင်အား လုပ်ကျွေးနေသော သားလိမ္မာတစ်ဦး
ဖြစ်နေပါက ကျွန်တော့် လေးစားမှုက ဆိုဖွယ်ရာ မရှိတော့။ ဤအကြောင်းအရာမှာ ကျွန်တော်
ဥာဏ်မှီသလောက် အရိုးရှင်းဆုံး ဥပမာလေး တစ်ခု ထုတ်ပြခြင်းဖြစ်သည်။ ဆိုခဲ့သည့်အတိုင်း
လေးစားမှုတိုင်းမှာ အကြောင်းပြချက် တစ်ခု အမြဲ လိုက်ပါတတ်ပေသည်။
အကြောင်းမဲ့ လေးစားခြင်းတော့ မရှိတန်ပါ။
ထိုမျှမက လူတို့ သည် သူတို့ ဖြတ်သန်းခဲ့သည့် ဘဝအတွေ့ အကြုံကို အခြေခံ၍လည်း
( မှားယွင်းစွာ လေးစား ) တတ်ကြပြန်သည်။ ဥပမာ ငွေကို ချို့ တဲ့စွာ သုံးစွဲခဲ့ရသူ တစ်ဦးသည်
ငွေကြေး ချမ်းသာသူ တစ်ဦးနှင့် ကြုံရသောအခါ (ငွေကြေးတစ်ခုတည်းကို အခြေခံပြီး) ပုံပြီး
လေးစားလိုက်ခြင်းမျိုးဖြစ်သည်။ ကျောင်းပညာကို လုံးဝ မသင်ခဲ့ရသူတစ်ဦးသည်
(လက်တွေ့လိုက်နာခြင်း မရှိသူ(ဝါ) ပညာရှိမဟုတ်သော ပညာသိသက်သက် ) လူအများ အမြင်
ပညာတတ်ကြီး တစ်ဦးနှင့် မိတ်ဆွေ ဖြစ်သော အခါ၌ အလွန်တရာ အထင်ကြီးခြင်းမျိုး ဖြစ်သည်။
အလွန်ချမ်းသာ ကြွယ်ဝသော သူဋ္ဌေးကြီးတစ်ဦးအနေနှင့်လည်း လက်လုပ်လက်စား လူငယ်တစ်ဦးကို
လေးစားသင့်သည်။ (ငွေကြေးကြောင့် လေးစားမှု မပျောက်ရှသင့်)။
နိုင်ငံတော် အကြီးအကဲ တစ်ဦးအနေနှင့်လည်း လက်အောက်ငယ်သား စာရေးတစ်ဦးကို
လေးစားသင့်သည်။ (ရာထူးကြောင့် လေးစားမှု မပျောက်ရှသင့်)။
ထိုနည်းတူစွာ အသက်အရွယ် ကွာခြားမှုများကြောင့်၊ အဆင့်အတန်း မတူမှုများကြောင့်လည်း
လေးစားမှု မပျောက်ရှသင့်ပေ။
နားလည်မှုဟူသော ဝေါဟာရ တွင် အပြန်အလှန်၏ အရေးပါပုံကို ကျွန်တော် ပြောခဲ့ဖူးသည်။
လေးစားမှုဟူသည်မှာလည်း ဤသဘောတရား အတိုင်းသာ ဖြစ်သည်။ အခြားသူကို လေးစားမှု
(ပေးရမည်၊ပြရမည်) ဖြစ်ပြီး အပြန်အလှန်အားဖြင့် အခြားသူထံမှ ထိုက်သင့်သော လေးစားမှုကိုလည်း
မိမိက (လက်ခံရရှိမည်) ဖြစ်သည်။ ယခုအခါ လေးစားမှုကို နှစ်လမ်းသွားမှန်း သိသူနည်းပါး
လာခဲ့ပြီဖြစ်သည်။ တစ်လမ်းသွားလမ်းကဲ့သို့ သဘောထား၍ မိမိကိုသာ တစ်လောကလုံးက
ဦးညွတ်စေချင်ကြသည်၊ အသားလွတ် လေးစားစေချင်ကြသည်။ လူတစ်ဖက်သားက
မိမိကိုလေးစားစေချင်ပါက မိမိအနေနှင့် ကောင်းမွန်သော စိတ်ဓာတ်အခြေခံဖြင့် တစ်ဖြည်းဖြည်း
ကြိုးစားတည်ဆောက်ယူရမည်ဖြစ်သည်။
ယခုအခါ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဟန်ဆောင်လေးစားမှုဟူသော ယဉ်ကျေးမှု အသစ်ကြီးတစ်ခု
ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလျက်ရှိသည်။ ငွေကြေးချမ်းသာသူ၊ ပညာတတ်သူ၊ ဂုဏ်ကြီးမြတ်သူ၊
အာဏာရှိသူ အစရှိသဖြင့် အထိုထိုသော လူအမျိုးအမျိုးတို့အား ဟန်ဆောင်လေးစားပြပြီး
အရူးဘုံမြှောက်သကဲ့သို့ သာပေါင်းညာစားနေသော လူ့ကပ်ပါးများ အများအပြား
ပေါ်ပေါက်လျက် ရှိချေသည်။ ထိုသူများအနေဖြင့် သတိထားရမည်မှာ တစ်စုံတစ်ဦးက
သင့်အား အလွန်အမင်း လေးစားနေပြီဆိုပါက ထိုသူ လေးစားသည့်အတိုင်း မိမိမှာ
အရည်အချင်း တကယ်ရှိနေသလား၊ မိမိနှင့် ကိုက်ညီနေပါသလား
ဆိုတာကို ပထမဦးစွာ သုံးသပ် သင့်ပေသည်။ ထိုသို့ မဟုတ်ခဲ့ပါက သင့်အနေနှင့် သတိထားဖို့ 
လိုနေပြီဖြစ်သည်။
ဤလောက၌ သူတစ်ပါးကို ဟန်ဆောင်၍ဖြစ်စေ၊ အမှန်တကယ်ဖြစ်စေ လေးစားပြရသည်မှာ
လွယ်ကူလွန်းပါသည်။ သို့သော် မိမိကိုယ်ကို တကယ်လေးစားဖို့ဝေးစွ၊ ဟန်ဆောင်လေးစားရမည်ကိုမူ
လူအများတို့ ကြောက်ရွံ့ကြသည်။ မိမိကိုယ်ကို လေးစားတတ်ခြင်းသည် သူတစ်ပါးကို
လေးစားတတ်ခြင်းထက် သာမြတ်သည်ဟု ကျွန်တော် ယူဆမိသည်။
နိဂုံးချုပ်အနေဖြင့် အကြံပေးလိုသည်မှာ (မှားလျှင်ပယ်ပါ)
- ပထမအဆင့် အနေဖြင့် မိမိကိုယ်ကျင့်တရားကို အခြေအနေတစ်ခု အထိရောက်အောင်
တည်ဆောက်ယူပါ။
- ပြီးလျှင် မိမိကိုယ်ကျင့်တရားကို အခြေခံပြီး မိမိကိုယ်ကို ဟန်ဆောင်လေးစားကြည့်ပါ။
- အဆင်ပြေပြီဆိုလျှင် မိမိကိုယ်ကို တကယ်လေးစားစွာ၊ ဆက်ဆံပါ။
- မိမိကိုယ်ကိုမိမိ လေးစားတတ်လာပြီဆိုလျှင် သူတစ်ပါးကို တကယ့်
လှိုက်လှိုက်လှဲလှဲလေးစားတတ်လာပါလိမ့်မည်။
- သူတစ်ပါး၏ လေးစားစရာ အချက်အလက်များကို အလွယ်တကူ မြင်တတ်လာပါလိမ့်မည်။
- အပြန်အလှန်လေးစားမှုတို့ တည်မြဲလာပါက သက်ရှိအချင်းချင်း ကူးလူးဆက်ဆံရာ၌
ယုံကြည်မှုတို့ တိုးပွားပေလိမ့်မည်။
အိမ်ဝေးသူ (KZ)
---------------------------------------------------------------------------------
မှတ်ချက်။
ပြည့်စုံမှု အားနည်းလှသေးသော ဤ ပို့စ်ပါ အကြောင်းအရာအား မတူညီသော အမြင်များ၊
အယူအဆများဖြင့် ဝိုင်းဝန်း ဖြည့်စွက်ပေးကြမည်ဆိုပါက အတိုင်းမသိ ဝမ်းမြောက်မိမည်
ဖြစ်ပါကြောင်း။
Wednesday, 18 September 2013
ခေတ်ကိုက
ခေတ်ကိုက...
အလှတရားတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
အနုပညာတွေ ဖျားနာနေတဲ့ခေတ်။
ခေတ်ကိုက...
နှလုံးသားတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
ရိုးသားခြင်းတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
ကိုယ်ချင်းစာတရားတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
မေတ္တာတရားတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
ကိုယ်ကျင့်တရားတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
အမှန်တရားတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
ယုံကြည်ချက်တွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
အနာဂတ်တွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
ငြိမ်းချမ်းရေးတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက...
လူ့အခွင့်အရေးတွေ ဖျားနာနေတဲ့ ခေတ်။
ခေတ်ကိုက
ခေတ်(ကိုယ်တိုင်) ဖျားနာနေတဲ့ခေတ် ။
သြော်...
ကျောက်ခေတ်လည်း....ဖျား
ကုလားအုတ်ခေတ်လည်း...ဖျား
ဒုံးပျံခေတ်လည်း...ဖျား
ခေတ်အဆက်ဆက် ဖျားရင်းနာရင်း
ဒို့ခေတ်ရောက်တော့
ခေတ်ကိုယ်တိုင်က...ခေတ်ရုပ်လုံးလုံးပျောက်ခဲ့ပြီ။
အိမ်ဝေးသူ (KZ)
-------------------------------------၀၀၀----------------------
မှတ်ချက်။
"ခေတ်"ဟူသော ဝေါဟာရကို နားလည်ရခက်လွန်းသောကြောင့်
ကျွန်တော်သည် မှန်ထဲသို့ တစ်ခဏတာမျှ ကြည့်လိုက်ပါသည်။
ကျွန်တော်တွေ့ လိုက်ရသည်က ကျွန်တော်ကိုယ်တိုင်ပင် ဖြစ်ပါသည်။

Thursday, 5 September 2013
"ငါးမျှားချိတ်ထဲကကြယ်"
တစ်နေ့တစ်ငုံနဲ့
အဟုတ် ပလုံခဲ့ရပေါ့
လူ...ဆိုတာ
သေမျိုးချည်းဆိုပေမယ့်
ငါ...
ဘဝကူးစောခဲ့လေရဲ့  ...။။။
အိမ်ဝေးသူ (KZ)
အဟုတ် ပလုံခဲ့ရပေါ့
လူ...ဆိုတာ
သေမျိုးချည်းဆိုပေမယ့်
ငါ...
ဘဝကူးစောခဲ့လေရဲ့  ...။။။
အိမ်ဝေးသူ (KZ)
Subscribe to:
Posts (Atom)