Tuesday, 28 May 2013

၇၈၆ ???


အမှန်တကယ်ဆို ၇၈၆ ဆိုတဲ့ ဝေါဟာရက
(ဒါဟာ..မွတ်စလင်မ် ပိုင်တဲ့ ဆိုင်၊အိမ်၊ကား)အစရှိသဖြင့်
မွတ်စလင်မ်အချင်းချင်း မြင်သာထင်သာလောက်တဲ့ ပြယုဂ်တစ်ခုအနေနှင့်သာ ရှိနေသင့်ပါတယ်။
ဥပမာအားဖြင့်
အ၇ဟံလို့ မြင်ရင်.. ဗုဒ္ဓဘာသာဝင်(ပိုင်ဆိုင်မှု) မှန်းသိကြမယ်၊
ကွမ်ရင်မယ်တော်ပုံ ပါရင် တရုတ်ဘာသာဝင် (ပိုင်ဆိုင်မှု) လို့သိကြမယ်
ကာလေမန်မယ်တော်ပုံပါရင် ဟိန္ဒူဘာသာဝင် (ပိုင်ဆိုင်မှု) မှန်းသိကြမယ်၊
ယေရှုသခင်ပုံပါရင် ခရစ်ယာန်(ပိုင်ဆိုင်မှု) လို့  သိကြမယ်။
၇၈၆ ပါရင် မွတ်စလင်မ် (ပိုင်ဆိုင်မှု) လို့ မြင်ကြမယ်။
(ဒီထက်ဘာမျှ မပိုပါဘူး)
ဒီနေရာမှာ သေချာတာတစ်ခုကတော့ ဒီလို တံဆိပ်ခတ်ကြတာဟာ
သူများလုပ်ငန်းဆောင်တာ၊ သူများတကာဆိုင်က ပစ္စည်းကို မဝယ်စေချင်တာမျိုးမဟုတ်ဘဲ
မိမိညီနောင်သားချင်းများကိုသာတစ်ဦးနှင့်တစ်ဦး (သိသာမြင်သာစေလိုတဲ့သဘောမျိုး) သာ
ဖြစ်ပါတယ်။
၇၈၆ ဆိုတာလည်း သဘောက ဒီလောက်ပါပဲ။
အစားအသောက်နဲ့ ပက်သက်ရင်တော့ ဟလာလ် အစားအစာကို စိတ်သန့်ရှင်းစွာ
ကျွန်တော်တို့  စားသုံးနိုင်တယ်ပေါ့ဗျာ။
တစ်ချိန်တည်းမှာပဲ မီးချောင်းဆိုင်မှာ တပ်ထားတဲ့ ၇၈၆ က
ကျွန်တော်တို့ ဝယ်မဲ့ မီးချောင်းဟာ ဟလာလ်မီးချောင်းပါလို့ ဆိုလိုတာ မဟုတ်ပါဘူးဗျာ။
ဒီမီးချောင်းဆိုင်ဟာ မွတ်စလင်မ်ညီနောင်တစ်ဦး ပိုင်ဆိုင်တဲ့ ဆိုင်ဖြစ်တယ်...ပြီးတော့
မွတ်စလင်မ် တစ်ဦးပိုင်တဲ့ ဆိုင်ဖြစ်တဲ့အတွက် အဲဒီဆိုင်မှာ ပစ္စည်းဝင်ဝယ်မယ့်
မွတ်စလင်မ် တစ်ဦးအနေနဲ့ စိတ်ချလက်ချ စလာမ်ကို ကျေကျေနပ်နပ်ကြီး ပေးလို့ရတယ်
လို့ဆိုလိုတာပါပဲ။
တစ်ဖက် ဗုဒ္ဓဘာသာအစွန်းရောက်တွေက ကျွန်တော်တို့ မွတ်စလင်မ်တွေရဲ့ ပြယုဂ်ဖြစ်တဲ့
၇၈၆ ကို တနင့်တပိုးကိုင်ပြီး အသေတွယ်နေတဲ့အချိန်၊ အပြစ်တွေ ရှာနေတဲ့အချိန်မှာ
ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ ရဲ့ ၇၈၆ ဆိုတာကို ပဲ တရားသေကိုင်ထားပြိး
သည်းသည်းလှုပ် ငြင်းခုံနေကြတာမျိုး မဖြစ်သင့်ပါဘူးခင်ဗျာ။
၇၈၆ ဆိုတဲ့ စကားလုံးကို (Beyond the limit) တန်ဖိုးထားပြနေရာက
အဆင့်လျှော့ချလိုက်ရင် ( ခင်ဗျားတို့..ကျွန်တော်တို့ နှလုံးသားထဲက အီမာန်ကို
တစ်ပြားသားလောက်တောင် လျှော့ချခိုင်းခြင်းမဟုတ်ပါ )
တစ်ဖက်က စွပ်စွဲချက်တွေလည်း အတိုင်းအတာတစ်ခုထိ လျော့ကျသွားနိုင်ပါတယ်လို့
ယူဆမိကြောင်းပါ။
အလ္လာဟ်အသျှင်မြတ်က လူသားရဲ့ နှလုံးသားထဲမှာသာ အီမန်ကို ထည့်ပေးထားတာပါ။
နောက်ဆုံးပြောချင်တာက ၇၈၆ ဆိုတဲ့ကိစ္စက
ကျွန်တော်တို့ ညီနောင်သားချင်းတွေအတွက်
ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး ဗလီဝတ်ကျောင်းတော်ထဲဝင်ပြီး တရားဟောတာကို
ကြမ်းပြင်မှာ ငြိမ်ငြိမ်လေး တရိုတသေ နားထောင်လိုက်ရတဲ့ အဖြစ်လောက်များ စိုးနေလို့ လားဗျာ။
(ကျွန်တော့် အမြင်သက်သက်ကိုသာ တင်ပြခြင်းဖြစ်ပါကြောင်း)

အိမ်ဝေးသူ (KZ)

No comments:

Post a Comment