Wednesday, 7 August 2013

နှစ်သစ်ဆုတောင်း



ကောင်းတာတွေချည်း
ချင်ခြင်းတပ်ရင်း၊
အတ္တကျူးသူ...မဖြစ်လို။


အဆိုးတွေချည်း၊
ရှောင်သွေလွှဲရင်း၊
စိုးရိမ်ကြီးသူ...မဖြစ်လို။


စိုးရိမ်အတ္တ
နှစ်ခုကြားက
ကောင်းဆိုးနှစ်တန်၊
လောကဓံအား
ပညာအသိ
ဥာဏ်မျက်စိဖြင့်၊
တည့်တည့်ရှုရင်း
လမ်းမှန်၌သာ..တည်လို၏။

အိမ်ဝေးသူ (KZ)